Pages

Thursday, September 20, 2012

၈၈ မျိုးဆက် အထင်ကရများ နိုင်ငံကူးလက်မှတ် ထုတ်ယူ


၈၈မျိုးဆက်ခေါင်းဆောင်များ ဒီကနေ့ နိုင်ငံကူးလက်မှတ် သွားရောက် ထုတ်ယူကြပါတယ်။

နိုင်ငံကူးလက်မှတ်ရရှိဖို့ လုပ်ဖော်ကိုင်ဖက် အားလုံး လျှောက်ထားကြတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ပြုဆုတခု လက်ခံယူဖို့ အစီအစဉ်ရှိခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်သူ မင်းကိုနိုင်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက နိုင်ငံကူးလက်မှတ် ရပြီးပါပြီ။

သို့သော်လည်း ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အစိုးရက နိုင်ငံကူးလက်မှတ်  ထုတ်မပေးသေးတဲ့အတွက် ဆုသွားယူမယ့် ခရီးစဉ်ကို ဖျက်လိုက်ပြီလို့ သတင်းဌာနများကို ပြောပါတယ်။

ဒီလိုပြောဆိုပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်များလည်း နိုင်ငံကူးလက်မှတ် ရသွားကြတာပါ။

နိုင်ငံကူးလက်မှတ် ကိုယ်စီ ရသွားကြပေမယ့် သူတို့  ပြည်ပခရီးသွားဖို့ အစီအစဉ် ရှိမရှိ မသိရသေးပါ။