Pages

Wednesday, September 26, 2012

တစ်ဧက ၁၂ ကျပ်နှုန်းဖြင့် သိမ်းယူထားသော လယ်နှင့်စားကျက်မြေများ မကွေးဒေသတွင် တွေ့ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၂
မကွေးတိုင်း ဒေသကြီးတွင် တောင်သူများထံမှ သိမ်းယူထားသော လယ်ယာမြေနှင့် စားကျက်မြေဧကပေါင်း တစ်သောင်းကျော်၌ တစ်ဧကလျှင် ၁၂ ကျပ်နှုန်းဖြင့် သိမ်းယူထားမှုများ တွေ့ရှိရကြောင်း လယ်ယာမြေ စုံစမ်းရေးကော်မရှင်မှ သိရသည်။ ”ဒေသပေါက်ဈေးနဲ့ ရှင်းထား တာ မတွေ့ရဘူး။ တချို့က တစ် ဧကကို ၁၂ ကျပ်နဲ့။ တချို့က တစ် ဧကကို ကျပ်နှစ်သောင်းလောက်ပဲ လျော်ကြေးပေးပြီး ရှင်းထားတာကို တွေ့ရတယ်”ဟု အထက်ပါစုံစမ်းရေး ကော်မရှင်(မကွေးတိုင်းဒေသကြီး တာဝန် ယူဆောင်ရွက်ဖြေရှင်း ပေးနေသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ)က စက် တင်ဘာ ၂၁ ရက်တွင်ပြောသည်။  အဆိုပါဒေသတွင် မြေယာ သိမ်းယူ ခဲ့သော အစိုးရဌာနများမှာ လေကြောင်းရန် ကာကွယ်ရေးဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်၊ စစ် တပ်မြေနေရာ(ARMY)၊ ကာကွယ်ရေး ပစ္စည်း စက်ရုံမြေနေ ရာနှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီနှစ်ခုတို့က အဓိကသိမ်းယူထားသည်ကို တွေ့ရှိ ရကြောင်း သိရသည်။ ”ဟိုတုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ ကိုးကားပြီး လုပ်ထားတာဆို   တော့ မြေခွန်ဆောင်ထားရ တဲ့ငွေရဲ့ နှစ်ဆနဲ့ ပေးလျော်ထား တာ တွေ့ရတဲ့အပြင် ဒေသရဲ့ပေါက် ဈေးဆို တစ်ဦးတစ်ယောက်မှ ရထားတာ မတွေ့ရဘူး။ ခုလော   လောဆယ် ဧကတစ်သောင်းကျော် ကို တွေ့ရတယ်။ ထပ်ပြီးရှိနေသေး တယ်လို့ ယူဆရပါသေးတယ်” ဟု ၄င်းက ထပ်လောင်းပြောသည်။ ထို့ပြင် တောင်သူတို့၏ လယ် ယာမြေများကို သစ်တောဦးစီးဌာန မှ သစ်တောကြိုးဝိုင်းမြေအဖြစ် သိမ်းယူကာ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းများ လုပ်ကိုင်ထားသည်များကို တွေ့ရပြီး ယင်းစီမံကိန်း များ ကြောင့် ဒေသခံတောင်သူအချို့ကို ထောင်ကျသည်အထိ အရေးယူ ထားသည်ကို တွေ့ရကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှသိရသည်။ ”ဘာသစ်ပင်ကြီးမှ မရှိတဲ့ စားကျက်မြေတွေကို သစ်တောဌာန က ကြိုးဝိုင်းမြေဆိုပြီး သိမ်းလိုက် တယ်။ ပြီးတော့ ကျွန်းပင်စိုက်လိုက် တယ်။ ဒါကို တောင်သူက မကျေ နပ်တော့ အဲဒီကျွန်းပင်ကို ဝင်ခုတ် ပြီး ဖျက်ဆီးပစ်တယ်။ ကျွန်းပင် ခုတ်ပြီဆိုတဲ့ ပြစ်မှုဆိုတော့ ထောင် ထဲကို ရောက်သွားတာပေါ့။ ခုအထိ ပြန်လွတ်မလာသေးတဲ့ တောင်သူ တွေ ရှိတာကို တွေ့ရ တယ်ဗျ။ သစ် တောဌာနအနေနဲ့ မလုပ်သင့်တာ တွေပါ” ဟု ၄င်းက ပြောသည်။  ယင်းတိုင်း ဒေသကြီးတွင် လယ်ယာမြေသိမ်းယူထားမှုနှင့်ပတ်သက်၍ လက်ရှိဖြေရှင်း   ပေးနေရ သော အခြေခံတိုင်ကြားထားသည့် စာ ၁၈စောင်ရှိပြီး ပြီးခဲ့သည့်စတုတ္ထ ပုံမှန်အစည်းအဝေးတွင် လွှတ်တော် မှဖွဲ့စည်းလိုက်သော အထက်ပါ ကော်မရှင်မှ ပါတီစုံလွှတ်တော်ကိုယ် စားလှယ် ၆၄ ဦးတို့က အဖွဲ့ခွဲပေါင်း ၉ ဖွဲ့ဖွဲ့ကာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကွင်းဆင်းစစ်ဆေး နေကြခြင်းဖြစ်ကြောင်း၊ ဒေသတွင်း စစ်ဆေးတွေ့ရှိချက်များကို အစီရင်ခံစာများရေးဆွဲကာ လာမည့် ပဉ္စမအကြိမ်လွှတ်တော်ပုံမှန် အစည်းအဝေးတွင် အပြီးအပြတ်ဖြေရှင်းပေး   နိုင်ရန်တင်ပြ သွားမည်   ဖြစ်ကြောင်း သိရသည်။
အောင်ထက်(NYK)Popular Myanmar