Pages

Thursday, September 27, 2012

မြန်မာမိသားစု တစု အီတလီကမ်းခြေသို့ တရားမဝင် ဆိုက်ရောက်လာ


Thursday, 27 September 2012

အီတလီနိုင်ငံ Crotone ကမ်းခြေသို့ လူဦးရေ ၄ဝ ပါ ရွက်သင်္ဘောတစင်း တရားမဝင် ဆိုက်ကပ်ရောက်ရှိလာပြီး ထိုအထဲတွင်မြန်မာမိသားစု
တစု ပါဝင်သည်ဟု အီတလီ အခြေစိုက် AGI သတ
င်းတရပ် တွင် ရေးသားထားသည်။

ကြာသပတေး နံနက် အရုဏ်ဦးအချိန်တွင် ဆိုက်ကပ်လာသော အဆိုပါလှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစု ပါဝင်ပြီး ဆီးရီးယားနိုင်ငံမှ တဦး၊ ကာဒ်လူမျိုး နှစ်ဦးနှင့်အတူ မိခင်၊ ဖခင်နှင့် ကလေးနှစ်ဦး ပါဝင်သည့် မြန်မာမိသားစု တစုလည်း ပါဝင်သည်ဟု
ဆိုသည်။

၎င်းတို့အား အီတလီရဲတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများက တွေ့ရှိခဲ့ပြီး Sant'Anna ကြိုဆိုရေးဌာနသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

News from :မဇ္ဈိမသတင်းဌာန