Pages

Wednesday, September 12, 2012

နီကာရာဂွာ၌ မီးတောင်ပေါက်ကွဲ...ဒေသခံ၃ဝဝဝခန့်  ကယ်ဆယ်ပေးခဲ့ ရ

(မင်နာဂွာ စက်တင်ဘာ ၉) နီကာရာဂွာနိုင်ငံရှိ စန်ခရစ္စတိုဘယ်မီးတောင်ကြီးသည် စက်တင်ဘာ၈ ရက်က ပေါက်ကွဲပြီး ပြာနှင့်မီးခိုးများ ပန်းထွက်မှုကြောင့် အဆိုပါ ဒေသခံပြည်သူ ၃ဝဝဝ ခန့်ကို ကယ်ဆယ်ရေးများဆောင်ရွက်ပေးခဲ့ရကြောင်း နီကာရာဂွာ အစိုးရက ပြောကြားသည်။အဆိုပါ မီးတောင်ပေါက် ကွဲမှုကြောင့် ယင်းဒေသတွင်းရှိ လူနေရပ်ကွက် များမှဒေသခံများအား ၄င်းတို့၏ နေရပ်မှထွက်ခွာရန် အစိုးရက ထုတ်ပြန်ထား ပြီး မြို့တော် မင်နာဂွာ၏ အနောက်မြောက်ဘက်ရှိ ဒေသများသို့ အစိုးရ တပ်ဖွဲ့ဝင်များကို စေလွှတ်ထားသည်ဟုဆိုသည်။၎င်းမီးတောင်ကြီးသည် စက်တင်ဘာ ၈ရက် နံနက်ပိုင်းက စတင်ပေါက်ကွဲခဲ့ပြီးအချိန်တိုအတွင်းမှာ ပင်ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။ မီးခိုးများပိုမို ပန်းထွက်လာပြီး မကြာခဏပေါက်ကွဲမှုဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း အာဏာပိုင်များက ဆက်လက်ပြောကြားသည်။ နောက်ဆုံးတွင် လူပေါင်း ၂ဝဝဝဝခန့်  ဘေးဒုက္ခကြုံတွေ့ နိုင်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဂိုဆာရီယိုမူရီလိုက ပြောကြားသည်။