
ယနေ့ စက်တင်္ဘလ ၄ ရက်နေ့ တွင်ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတက အဆိုပြုထားသော ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ ပြင်ဆင် ဖွဲ့စည်းခြင်း၊ ပြည်ထောင်စု ဝန်ကြီးများ ပြောင်းရွှေ့ ခန့်အပ်ခြင်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးရာတွင် လွှတ်တော် ကိုယ်စားလှယ် အချို့မှ ကန့်ကွက် ဆွေးနွေးခဲ့ သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သော ၀န်ကြီးဌာန (၃၆) ခုနှင့် ၀န်ကြီး (၃၆) နေရာ အမည်စာရင်းများကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေး ၀န်ကြီး ဌာန အတွက် အဆိုပြုထားသည့် ဒုဗိုလ်ချုပ်ကြီး ဝေလွင် နှင့် ပြည်ထောင်စု စရင်းစစ်ချုပ်ဖြစ် အဆိုပြုထားသည့် ဦးသိန်းထိုက် တို့ အပြင် ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ရန် အမည်စာရင်း ထပ်မံ ထွက်ရှိလာသည့် (၁၀)ဦးမှာ---
(၁) ဦးအေးမြင့်ကြူ ( လက်ရှို- အား.ကာ ဒုဝန်ကြီး )
(၂)ဗိုလ်ချုပ်ဇေယျာအောင် ( မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး )
(၃) ဒေါက်တာမြင့်အောင် ( ပြည်ထောင်စု ရာထူးဝန် အဖွဲ့ )
(၄) ဦးကျော်လွင် ( လက်ရှိ - ဆောက်လုပ်ရေးဒု ဒုဝန်ကြီး )
(၅) ဦးဝင်းရှိန် ( လက်ရှိ - လယ် / ဆည် ဒုဝန်ကြီး )
(၆) ဒေါက်တာ ကံဇော် ( လက်ရှိ - စီမံ စီးပွား ဒုဝန်ကြီး )
(၇) ဦးမောင်မြင့် ( လက်ရှိ - ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး )
(၈) ဒေါက်တာကိုကိုဦး ( လက်ရှိ - သိပ္ပံ နည်းပညာ ဒုဝန်ကြီး )
(၉) ဦးဌေးအောင် ( လက်ရှိ - ဟိုတယ် ခရီး ဒုဝန်ကြီး )
(၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ( လက်ရှိ - ကျန်းမာရေး ဒုဝန်ကြီး )တို့ဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးမှပေးပို့သော အမည် စာရင်းများအရသိရသည်။
လက်ရှိတွင် ပြည်ထောင်စု ဝန်ကြီး လစ်လပ်လျက်ရှိနေသော ဌာနများမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဘဏ္ဍရေးနှင့်အခွန် ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၊အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန တို့ဖြစ်ကြောင်း ပြည်တွင်း ဂျာနယ်ထုတ် ဂျာနယ်များ၏ အင်တာနက် သတင်းများအရ သိရှိရပါသည်။