Pages

Monday, September 10, 2012

ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား မုံရွာ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီး

မသွဲ့သွဲ့ဝင်းအား ဖမ်းဆီးသွားစဉ်
 ယနေ့10-9-2012 ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင် ကျေးရွာနှင့် လယ်ယာမြေသိမ်းခံရသော ဒေသခံတောင်သူ (၁၀)ဦးခန့် ဘုရားဝတ်ပြုဆုတောင်းနေသည်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟန့်တားသည့်အနေဖြင့် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်ဝင်ပေါက်အားလုံးအား ထိုဒေသခံများအား ထွက်ပေါက်မရှိစေရန် ယခုအချိန်ထိ ပိတ်လှောင်ထားသဖြင့် ဆုတောင်းပြည့်ဘုရားကြီးသို့ လာရောက်ဘုရားဖူးမြှော်ကြသူများ အခက်ကြုံတွေရသည်။

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွားရာတွင် အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားရာ ပြန်လည် လွတ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒ္ထထုတ်ဖော်ခြင်းကို မြို့နယ်မှူးသည် ကိုင်ဆောင်ထားသည့် စာရွက်များအား ၀င်ရောက်လုယူစုတ်ဖြဲဖြစ်ခြင်း အခြေအနေမှာ အပြန်အလှန် ယခုအချိန်ထိ ညှိနှိုင်းဆဲ။ 


မသွဲ့သွဲ့ဝင်းအား ဘုရားမှာ ပိတ်လှောင်ထားစဉ်


Aung Nay Myo - Facebook