Pages

Tuesday, September 25, 2012

အမေရိကန်GE ကုမ္မဏီထုတ် ခေတ်မှီဂျက်လေယာဉ်(၂)စီး မြန်မာနိုင်ငံသို့ရောက်မည်။


ပထမဆုံးအမေရိကန်GE ကုမ္မဏီထုတ် ခေတ်မှီဂျက်လေယာဉ်(၂)စီး မြန်မာနိုင်ငံသို့ရောက်မည်။ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့အရေးယူဒါဏ်ခတ်
မှုလျော့ပေါ့ပေးလိုက်ပြီးနောက် အမေရိကန်ကုမ္မဏီကြီးတခုဖြစ်သည့် GE ကုမ္မဏီမှမြန်မာနိုင်ငံသို့ စတင်ရင်နှီးမြုတ်နှံရန်ဆောင်ရွက်ခဲ့သည်။ GE ကုမ္မဏီ၏ ယူနစ်တခုဖြစ်သော မြို့ပြဆိုင်လေကြောင်းထုတ်လုပ်မှုလီမိတက် (GECAS) မှ မြန်မာလေကြောင်းလိုင်းအတွက် ခေတ်မှီဂျက်လေယာဉ် Embrae r E190 (၂)စီးကို ရောင်းချခဲ့သည်။ အဆိုပါလေယာဉ်( ၂)စီးကို လာမည့် နိုဝင်ဘာလနှင့် ဒီဇင်္ဘာလတွင် ရန်ကုန်မြို့သို့ ပိုဆောင်မည်ဖြစ်ကြောင်း GECAS ဥက္ကဌ Norman C.T. Liu ကကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း( ၄၉)ကြာစစ်အာဏာရှင်လက်အောက်တွင် အမေရိကန်ကုမ္မဏီကြီးတခု၏ အရပ်ဖက်ဆိုင်ရာ လေယာဉ်ရောင်းချမှုမှာပထမဆုံးဖြစ်သည်။
GE ကုမ္မဏီသည် ပြီးခဲ့သည့်ဂျူလိုင်လအတွင်းက မြန်မာ့အရောင်းကိုယ်စားလှယ်တဦးမှတဆင့် ပုဂ္ဂလိက ဆေးရုံ(၂)ရုံသို့ ခေတ်မှီဓါတ်မှန်ရိုက်ကရိယာများနှင့်အခြားစက်ပစ္စည်းများရောင်းချဖို့ သတောတူညီချက်ရရှိပြီးဖြစ်သည်။ GE ကုမ္မဏီအနေဖြင့် အရပ်ဖက်သုံး စက်မှုပစ္စည်းမျိုးစုံကို မြန်မာနိုင်ငံအတွင်း ရောင်းချခွင့်ရှိသော်လည်းစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် စစ်ဖက်ဆိုင်ရာအသုံးပြု ပစ္စည်းများကို အမေရိကန်ဥပဒေအရပိတ်ပင်ထားဆဲဖြစ်သည်။
Embraer E190 ခေတ်မှီဂျက်လေယာဉ်ကို မတ်လ၁၂ရက်၊၂၀၀၄ခုနှစ်တွင်ပထမဆုံးပျံသန်းခဲ့ပြီး နိုင်ငံတော်တော်များတွင်အသုံးပြုနေကြပြီဖြစ်သည်။ လေယာဉ်အင်ဂျင်ကို GE အင်ဂျင် (၂)လုံးတပ်ဆင်ထားပြီး တောက်လျောက် (၄၄၄၈) ကီလိုမီတာပျံသန်းနိုင်သည်။ လေယာဉ်တွင် စီးပွားရေးပထမတန်းထိုင်ခုံ(၉)ခုံနှင့် ရိုးရိုးတန်းထိုင်ခုံ (၈၈)ခုံပါရှိသည်။ Embraer E190 ဂျက်လေယာဉ်တစီး၏ တန်ဖိုးမှာ ဒေါ်လာ ၁.၁ဘီလျံ (၂၀၀၆) ဖြင့်ရောင်းချသည်။

Aung Pan (Facebook)