Pages

Wednesday, September 19, 2012

ဒေါ်အောင်ဆန်းစုကြည်စု၏ Global Vision Award ဆုလက်ခံပွဲ မိန့်ခွန်း ကောက်နှုတ်ချက်များနှင့် မှတ်တမ်း ဓာတ်ပုံများ (18-9-2012)



- မြန်မာ-အမေရိကန်ဆက်ဆံရေးကြောင့် တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားဖို့ မလိုအပ်ကြောင်း၊

-ရွေးကောက်ပွဲရှိရုံနဲ့ ဒီမိုကရေစီ အတောင်အလက် မပြည့်စုံသေးကြောင်း၊
-ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ဓလေ့တွေနဲ့ အသင်းအဖွဲ့များလဲ ရှိဖို့ လိုအပ်ကြောင်း၊


-သမတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲလိုစိတ် ရှိသူတစ်ဦးဖြစ်တယ်ဆိုတာအသိအမှတ်ပြုပါကြောင်း၊
မြန်မာ့တရားစီရင်ရေးစနစ်ဟာ အားအနဲဆုံး မဏ္ဍိုင်ဖြစ်ကြောင်း၊

-မြန်မာ့ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေဟာလဲ ဆိုးဆိုးဝါးဝါးချို့ယွင်းချက်တွေ ရှိနေကြောင်း၊

 - အကျိုးထက် အပြစ်ပိုများနေတဲ့ ဥပဒေပုဒ်မများကို မဆိုင်းမတွ ပယ်ဖျက်ပြစ်သင့်ကြောင်း၊

 - တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ပြည့်ပြည့်ဝဝရရှိရေးတို့ဟာ ခွဲခြားထားလို့မရ ဒွန်တွဲနေတဲ့အရာများ ဖြစ်ကြောင်း၊

 - NLD ပါတီဟာ ရခိုင်အရေးအခင်းအပေါ် နိုင်ငံရေးအမြတ်ထုတ်မယ့်ပါတီ မဟုတ်ဘူးဆိုတာ အစိုးရကို အသိပေးလိုပါကြောင်း၊

 - NLD ပါတီအပေါ် အားမလိုအားမရဖြစ်နေကြသူများအနေနဲ့လဲ NLD ဟာ အာဏာရပါတီမဟုတ်သေးဘူးဆိုတာကို မမေ့လျော့ကြစေချင်ကြောင်း၊

 ကချင်စစ်ပွဲများနဲ့ပတ်သက်လို့လဲ တစ်နေ့နေ့မှာတော့ ငြိမ်းချမ်းရေးရမှာပါဆိုပြီး ခပ်အေးအေးလုပ်နေလို့ မဖြစ်ကြောင်း၊ ဘယ်အချိန်မှာ
ဘယ်အဆင့် ရောက်ကိုရောက်ရမယ်ဆိုပြီး အချိန်ဇယား သတ်သတ်မှတ်မှတ်နဲ့ အလျင်အမြန် လုပ်ကိုင်သွားသင့်ပါကြောင်း၊

 လွှတ်တော်ဥက္ကဋ္ဌ ၂ပါးစလုံးဟာ NLD အပါအဝင် အတိုက်အခံပါတီများအပေါ် နားလည် ကူညီမှုရှိကြပါကြောင်း၊

နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုလုံးဟာ အပေးအယူ၊ အလျှော့အတင်း၊ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်တတ်အောင် ကြိုးစားကြစေလိုကြောင်း၊

 ဆန်ရှင်ဖြေလျှော့လာမှုကို အားပေးထောက်ခံပါကြောင်း၊ ဒါပေမယ့် ဆန်ရှင်လျှော့ချပေးတာတစ်ခုထဲကသာ မြန်မာကို ကူညီနိုင်တဲ့ တစ်ခုတည်းသော
 နည်းလမ်းမဟုတ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနဲ့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလဲ ပေးစေလိုပါကြောင်း၊

 အစိုးရရဲ့ ထိမ်းချုပ်အမိန့်ပေးနိုင်ခွင့်အောက်မှာ မြန်မာ့တပ်မတော် လုံးလုံးလျားလျားရှိမနေဘူးလို့
ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်က သံသယဝင်နေတယ်လို့ ထင်မြင်မိကြောင်း၊

 ရခိုင်အရေးဟာ နိုင်ငံသားဖြစ်မှု မဖြစ်မှုထက် တရားဦးပဒေစိုးမိုးမှု ရှိမရှိနဲ့ ပိုမိုပက်သက်နေပါကြောင်း၊
၈၈ကျောင်းသားများ၊ ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားသူများ အစရှိသူတို့ဟာ ကိုယ်စီကိုယ်စီ အချေအနေနဲ့
ဝါသနာ၊ ကျွမ်းကျင်မှု အမျိုးမျိုးပေါ်မူတည်ပြီး သန်ရာသန်ရာ အပိုင်းမှာ ဝင်ရောက်လုပ်ကိုင်နိုင်ကြပါကြောင်း၊
တစ်ခုထဲ တစ်နေရာထဲ တစ်မျိုးထဲ လုပ်ရမယ်လို့ တွေးဖို့ မလိုပါကြောင်း၊

Ref: ခွန်ဒီးယမ်(Facebook)