Pages

Tuesday, September 11, 2012

အဆိုတော် Rihana ဆေးမှင်ကြောင် ထပ်ထိုးတာ ဘယ်နားလဲ ???


ကမ္ဘာကျော်သူတွေဟာ တခုခုမှာ ရူးသွပ်တတ်တယ်လို့ ဆိုစမှတ်ရှိကြပါတယ်။ ဒီလိုပါဘဲ ကမ္ဘာကျော် အနုပညာ ရှင်တွေထဲ မှာ ဆေးမှင်ကြောင် တက်တူးထိုးတာကို စွဲမက်သူတွေ ရှိကြပါတယ်။

တချို့က လက်မောင်း၊ တချို့က ကျောပြင်၊ တချို့က တင်ပါး စသဖြင့် နေရာတွေမှာ ထိုးကြပါတယ်။ ဒီလို ဆေးမှင်ကြောင် ထိုးတဲ့အပေါ်မှာ သူတို့က အမြတ်တနိုးဖြစ်ကြတာပါ။

နံမည်ကြီး အဆိုတော် Rihana တယောက်ကတော့ သူ့ရင်သား အမွှာဆိုင်အောက်မှာ သူနှစ်သက်တဲ့ ဘိုးဘွားတွေကို လေးစားဂုဏ်ပြု သတိရတဲ့အနေနဲ့ ရှေး ဂရိ နတ်ဘုရားမ ပုံကို ရေးထိုးခဲ့ပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Rihana ရဲ့ ရင်သားအောက်မှာ ရေးထိုးခဲ့တဲ့ Goddess Isis လို့ ခေါ်တဲ့ နတ်ဖိရားမ ဟာ ပြီးပြည့် စုံတဲ့ အမျိုးသမီး ဆိုတဲ့ အဓိပ္ပါယ်ဆောင်တဲ့ အနာဂတ် မျိုးဆက်တွေအတွက် စံပြ မော်ဒယ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။
 

သူက တခြားနေရာတွေမှာလည်း ဆေးမှင်ကြောင်တွေ ထိုးထားပါသေးတယ်။ ဒါကတော့ နောက်ဆုံး အသစ်စက်စက် လာရာတခုပဲ ဖြစ်ပါတယ်။
 ဧရာဝတီblog