Pages

Friday, September 14, 2012

အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းကြီး SANBA အခြေအနေ

By mmweather.ygn, on September 14th, 2012 စက်တင်ဘာလ ၁၄ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် အချက်အလက်များအရ .. အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း SANBA(ဖိလစ်ပိုင်အမည် KAREN) သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး၊ မနီလာမြို့တော် အရှေ့မြောက်ဘက် ၆၇၅ မိုင်ခန့်၊ ထိုင်ဝမ်ကျွန်း – တိုင်ပေမြို့တော် အရှေ့တောင်ဘက် ၆၅၅ မိုင်ခန့်၊  အိုကီနာဝါကျွန်း အိုကီနာဝါမြို့၏ တောင် အရှေ့တောင်ဘက် မိုင်ခန့်အကွာ ဖိလစ်ပိုင်ပင်လယ်ပြင် မြောက်ပိုင်းတွင် ဗဟိုပြုနေပါသည်။
မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၁၇၀ မိုင်မှ ၂၀၅ မိုင်နှုန်းအထိ ရှိနေပြီး မုန်တိုင်းအရွယ်အစား အချင်း မိုင် ၉၀၀ ကျော်ခန့်အထိ ရှိသည့် ကြီးမားသော အရွယ်အစား ဖြစ်ပါသည်။ လမ်းကြောင်းပြောင်းလဲမှု သိသိသာသာ မရှိပဲ လာမည့် ၂၄ နာရီနောက်ပိုင်း၊ စက်တင်ဘာလ ၁၅ ရက် မြန်မာစံတော်ချိန် ညနေပိုင်းမှ စတင်၍ အိုကီနာဝါကျွန်း တောင်ဘက်ဒေသများသို့ မုန်တိုင်းအဖျားပိုင်း စတင်ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။
17W SANBA
14 Sep 2012 0600Z
Location: 19.1 129.8
Winds: 150 knots (Category 5)
Central Pressure: 911 hPa