Pages

Tuesday, September 18, 2012

တိုင်ဖွန်းမုန်တိုင်း ဆန်ဘာ (Sanba) သည် တစ်နာရီလျှင် ၈၅ မိုင်အထိ ပြင်းထန်သော လေတိုက်နှုန်းဖြင့် တောင်ကိုရီးယားနိုင်ငံသို့ ယနေ့ ဝင်ရောက်တိုက်ခတ်


တိုင်ဖွန်းမုန်တိုင်း ဆန်ဘာ (Sanba) သည် တစ်နာရီလျှင် ၈၅ မိုင်အထိ ပြင်းထန်သော လေတိုက်နှုန်းဖြင့် တောင်ကိုရီးယားနိုင်ငံသို့ ယနေ့ ဝင်ရောက်တိုက်ခတ်သည်။ မုန်တိုင်းအရှိန်ကြောင့် တောင်ကိုရီးယားနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ လေကြောင်းခရီးစဉ်များ၊ ကူးတို့သင်္ဘောခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများလည်း ဖြစ်ပွားခဲ့သည်။ အနည်းဆုံး လူတစ်ဦးသေဆုံးပြီး သောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း NBC News က ပြောကြားသည်။ — တောင်ကိုရီးယားသို့ တိုင်ဖွန်းမုန်တိုင်း Sanba ဝင်ရောက်တိုက်ခတ်
သတင်းမူရင်း----Planet Myanmar Network