Pages

Tuesday, October 23, 2012

ထိုင်းပင်လယ်ကွေ့မှ လေဖိအားနည်းဆဲလ် 93W ကပ္ပလီပင်လယ်သို့ ရောက်ရှိနိုင်

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် 93W သည် အောက်တိုဘာလ ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ရနောင်းမြို့ အရှေ့တောင်ဘက် မိုင် ၂၄၀ ခန့်အကွာပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကြောင်း သိရပါသည်။ အားကောင်းလာသည့် အခြေအနေမရှိသော်လည်း ပင်လယ်ပြင်အပူချိန်မြင့်တက်နေမှုများကြောင့် သတိပြုစောင့်ကြည့်ရမည်ဖြစ်ပါသည်။
Animation ပုံများအရ 93W သည် အနောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး ရနောင်းမြို့အနီးမှ ဖြတ်ကျော်ကာ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။  View animation
93W – 23 Oct 2012 0000Z
Location: 8.4 101.8
Winds: 15 knots
Central Pressure: 1010 hPa