Pages

Thursday, October 25, 2012

လေဖိအားနည်းဆဲလ် 93W ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းသို့ ရောက်ရှိ

အောက်တိုဘာလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ လေဖိအားနည်းဆဲလ် 93W သည် ယမန်နေ့ ညပိုင်းတွင် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိပြီးနောက် အနောက်တောင်ဘက်သို့ ရွေ့လျားကာ ကော့သောင်းမြို့ အနောက်ဘက် မိုင် ၁၉၀ ခန့် ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပါသည်။
93W
24 Oct 2012 1800Z
Location: 10.2 95.8
Winds: 15 knots
Central Pressure: 1010 hPa

 ကွန်ပျူတာ မော်ဒယ်များ၏ ခန့်မှန်းတွက်ချက်ပုံဖေါ်မှု အရ(အောက်ပုံတွင် ကြည့်ပါ) လေဖိအားနည်းဆဲလ် 93W သည် ပို့ဘလဲယားကျွန်းအား ဖြတ်ကျော်ပြီး ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းသို့ ရောက်ရှိကာ အောက်တိုဘာလ ၂၈ ရက်နေ့ မတိုင်မီ အားကောင်းလာနိုင်ဘွယ်ရှိသော်လည်း အိန္ဒိယနိုင်ငံ ကမ်းခြေ(အနောက်ဘက်)သို့သာ ဆက်လက်ရွေ့လျားနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။