Pages

Thursday, October 11, 2012

လေဖိအားနည်းဆဲလ် 94B စစ်တကောင်းမြို့ အနောက်ဘက်မှ ကုန်းတွင်းသို့ ဆက်လက်ရွေ့လျားလျှက်ရှိ


By mmweather.ygn, on October 11th, 2012 ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် 94B သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်ဘက် မိုင် ၆၀ ခန့်မှ ကုန်းတွင်းသို့ ဆက်လက်ရွေ့လျား ဝင်ရောက်ခဲ့ကြောင်း အောက်တိုဘာလ ၁၁ ရက် မြန်မာစံတော်ချိန် နံနက် ၀၈၃၀ နာရီတွင် ရရှိသည့် NRL နှင့် CIMSS data များအရ သိရပါသည်။

MTSAT-2 ဂြိုလ်တုဓါတ်ပုံတွင် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်း၊ အနောက်မြောက်ပိုင်း ဒေသများသို့ တိမ်ထု ထူထပ်စွာ ဆက်လက် ရွေ့လျားဝင်ရောက်လာမှုကို တွေ့မြင်နိုင်ပါသည်။

 မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီအချိန် တွင် ပြည်နယ်နှင့်တိုင်းအသီးသီး၌ ဖြစ်ပေါ်နိုင်မည့် မိုးလေဝသ အခြေအမျေားကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။

 ယနေ့ညနေအထိခန့်မှန်းချက်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုတ်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးဆက်လက်ပိုနေမည်။
မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် စစ်တကောင်းမြို့ အနောက်ဘက် မိုင် ၆၀ ခန့်မှ ကုန်းတွင်းသို့ ဆက်လက်ရွေ့လျားဝင်ရောက်လျှက်ရှိသည့် အခြေအနေပြပုံ
မြန်မာစံတော်ချိန် နံနက် ၀၈၃၀ နာရီတွင် တွေ့မြင်ရသည့် 94B ၏ တိမ်တိုက် ဖြစ်ပေါ်မှု အခြေအနေ