Pages

Thursday, October 25, 2012

စစ်တပ်ပစ်ခတ်၍ သေဆုံးသွားသူ ပန်းမြောင်းမှ ရခိုင်လူငယ် နှစ်ဦး သဂြိင်္ုလ် ပြီးစီး

 
“ လူတွေက စိတ်မကောင်းခြင်းများစွာနဲ့ အသုဘ လိုက်ပို့ကြပါတယ်။ ထောင်ချီပြီးတော့ အသုဘ လာပို့ကြပါတယ်” ဟု ပန်းမြောင်း ဒေသခံ တစ်ဦးက ပြောသည်။
စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသူ လူငယ် နှစ်ဦးမှာ လေးမြို့မြစ် အထက်ပိုင်းတွင် တည်ရှိသော ပန်းမြောင်းကျေးရွာမှ မောင်အောင်မြင့် (၂၈ နှစ်)နှင့် မောင်စိုးစိုး (၂၇ နှစ်) တို့ ဖြစ်ကြသည်။
အောက်တိုဘာလ ၂၃ ရက်နေ့က မြောက်ဦးမြို့နယ် နာဂရာတွင် ဘင်္ဂလီ ကျေးရွာသားများနှင့် တိုက်ခိုက်နေစဉ် စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ကျေးရွာသားက အတည်ပြု ပြောကြားသည်။
ကျန်ရစ်သူ မိသားစုများမှာ အထူး ၀မ်းနည်းကြေကွဲနေကြသည်ဟု ဆိုသည်။
ယခုအခါ စစ်တပ်က လုံခြုံရေး အထူးတင်းကျပ်ထားပြီး ဘင်္ဂလီကျေးရွာများကို ကာကွယ်ပေးထားသဖြင့် အခြေအနေမှာ တည်ငြိမ်နေကြောင်း သတင်း ရရှိသည်။
နိရဉ္စရာ