Pages

Tuesday, October 23, 2012

မြောက်ဦး ဒဏ်ရာ ပြင်းထန်သူ ၃ ဦး စစ်တွေ ဆေးရုံရောက်

မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ခိုက် မှုအတွင်း ဒဏ်ရာရရှိသူ ရခိုင်လူမျိုးအထဲမှ  ၃ ဦးကို ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ယူဆောင်လာခဲ့သည်။
ဒဏ်ရာဖြင့် ဆေးရုံ ရောက်နေသူ ကိုမောင်မောင်နိုင်။
သူတို့ သုံးဦးမှာ ဦးစိန်သာအောင်(၆၀)- လွန်းတောင်ကျေးရွာ၊ ကိုမောင်မောင်နိုင်(၃၀)- မောင်သာကုန်း ကျေးရွာနှင့်
 မောင်ထွန်းစိန်(၂၅)- ကျောင်းတောင် ကျေးရွာတို့ ဖြစ်ကြသည်။
ဦးစိန်သာအောင်မှာ ၀ဲဘက်လက်နှင့် ရင်ဘက်တွင် ဓါးခုတ်ခံရကြောင်း၊ ကိုမောင်ထွန်းစိန်မှာ လှံစွပ်နှင့် အထိုး ခံရ၍ ၀မ်းဗိုက်ကနေ နောက်ကျောကို ဖေါက်ထွက်သွားကြောင်း၊ ကိုမောင်မောင်နိုင်မှာ ပခုံးနှင့် လက်တို့တွင် ဓါးဒဏ်ရာရှိခဲ့သည်ဟု သိရသည်။ သူတို့ ဒဏ်ရာမှာ မစိုးရိမ်ရသော်လည်း တာရှည် ဆေးကုသမူ ခံယူရမည်ဟု သိရသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သော ပုရိန် တိုက်ပွဲတွင် ရခိုင်ဘက်က ၃ ဦးသေဆုံးပြီး ၇ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
နိရဉ္စရာ