Pages

Thursday, October 4, 2012

ဖါးကန့်မှာ လူ ၅၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်

မနေ့က ည ၁၀ နာရီ ခွဲအချိန်က ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းလုပ်ကွက်ကုမ္ပဏီ ကျင်းတွေထဲကနေ ရွှံ့နွံရေနဲ့မြေစာတွေ တောင်ကျချောင်းရေနဲ့အတူ အရှိန်ပြင်းစွာ ကျိုးပေါက်စီးဆင်းခဲ့တဲ့အတွက် ဆိပ်မူ (ဆိုင်းတောင်)ကျေးရွာအုပ်စု ဖားပျဉ်ကျေးရွာ ရပ်ကွက် ၄ က အိမ်ခြေ ၈၀ ကျော် ပျက်စီးခဲ့ပြီး အနည်းဆုံး လူဦးရေ ၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

တောင်ကျချောင်းရေ ကြောင့် ပျက်စီးခဲ့ရတဲ့အခြေအနေကို ဒေသခံ ဦးယဉ်ထွေးက RFA ကိုအခုလိုပြောပြပါတယ်။

"မနေ့ည ၁၀ နာရီခွဲမှာ ဖားကန့်မြို့ကြီးမှာ မိုးတအားရွာတယ်လေ။ကုမ္ပဏီ ၃ ခုက ကျင်းတူးပြီးသားမြေစာပုံကြီး ဟာရေတေ့ပြည်ံလာပြီးတော့ ရပ်ကွက် ၄ အပေါ်မှာရှိတဲ့ ကုမ္ပဏီ ၃ ခုရဲ့မြေစာပုံကြီးဟာ ပြုတ်ကျတာပေါ့
ရေကောမြေစာတွေကော အိမ်ခြေ ၈၀ လောက်ပျက်စီးသွားတာပေါ့လေးနော။ ၂၆ လုံးကျတော့ လုံးဝပျက်စီးသွားတယ်ဗျ။ ကျန်တဲ့ ၅၆ လုံးတော့အသေးစားပျက်စီးမှုပေါ့။အမိုးလန်သွားတယ် အကာတွေမ၇ိတော့ဘူး ။အဲဒါမျိုးတွေဖြစ်တာပေါ့နော်လူအသေအပျောက်တော့ မရှိဘူးဗျ။ ဒါပေမဲ့ အိမ်ခြေ ၈၀ ကျော်က လူ ၅၀၀ ကျော်တော့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတာပေါ့ လောလောဆယ်တော့ ဖားပျဉ်ဘုန်းကြီးကျောင်း မှာနေကြတာပေါ့နော။ ကျွေးမွေးစောင့်ရှောက်ထားတယ် ဘုန်းကြီးကနေပြီးမှ။
အဓိကတာဝန်ရှိတာတော့ မဆင်မခြင် ရတနာတူးဖော်တဲ့ကုမ္ပဏီပေါ့ဗျာ။ သူတိုက ကျင်းဟောင်း တွင်းဟောင်းထဲက ရေတွေ မထိန်းနိုင်ဘဲပြုပ်ကျလို့ပေါ့ဗျာ။ အဓိကတော့ ရတနာတောင်တန်းကုမ္ပဏီရယ်၊ ရွှေထိုင်းကုမ္ပဏီရယ်၊ သံလွင်ဧရာကုမ္ပဏီရယ် သူတို့က အဓိကပေါ့ဗျာ။"

လောလောဆယ်မှာ ဘုန်းကြီးကျောင်းတွေ ခရစ်ယာန်အဖွဲအစည်းတွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ မြို့ခံပြည်သူတွေက ကူညီပေးနေတယ်လို့သိရှိရပါတယ်။