Pages

Saturday, October 13, 2012

စစ်တွေအောင်မင်္ဂလာအဓိကရုဏ်း အဖမ်းအဆီးရှိ

arrested Monks

ယမန်နေ့က ဖြစ်ပွားခဲ့သော အောင်မင်္ဂလာအဓိကရုဏ်းတွင် သင်္ဃာတော်(၂)ပါးနှင့် လူ(၅)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ထဲတွင် အလုပ်လုပ်ကိုင်ပြီး အလုပ်မှ ပြန်လာကြသော ဟိန္ဒူများကို အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများ ဓါးဖြင့်လိုက်ခုတ်ရာမှ ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ကြောင့် ဒေသခံများ မကျေမနပ်ဖြစ်ကြရာမှ ထိန်းသိမ်း၍ မရသည့်အခြေအနေတွင် စစ်တပ်မှ မျက်ရည်ဗုံး(၄)လုံးနှင့် ရာဘာကျည်များဖြင့် ဖြိုခွင်းခဲ့ရကြောင်း သိရှိရသည်။

"မနေ့က ပြဿနာအစရှာတာက ဘင်္ဂလီတွေက ဖန်တီးတာပါ၊ ဗုဒ္ဓဘာသာဝင် ဟိန္ဒူတွေကို အခုလိုနိုင်ထက်စီးနင်း အကြမ်းဖက်မှုအပေါ်မှာ ဒေသခံလူထုတွေက မကျေမနပ်ဖြစ်လို့ ဓါးနဲ့လိုက်ခုတ်တဲ့ ဘင်္ဂလီတွေကို ဖမ်းဆီးအရေးယူပေးဖို့ တာဝန်ရှိရဲတွေကို အရေးယူပေးဖို့ တောင်းဆိုနေကြတာကို စစ်တပ်က အကြမ်းနည်းနဲ့ လူအုပ်တွေကို ဖြိုခွင်းခဲ့ပါတယ်။ မျက်ရည်ယိုဗုံးကြောင့် မပြေးနိုင်တဲ့ လူ(၅)ဦးနှင့် သင်္ဃာတော်နှစ်ပါးကို ဖမ်းဆီးသွားပါတယ် (၅)ဦးထဲက တစ်ဦးကိုတော့ မတရားရိုက်နှက်ပြီး ဆွဲခေါ်သွားတာတော့ တွေ့လိုက်ရတယ်"ဟု အာရ်ကန်တိုင်းမ်စ် သတင်းထောက် ရွှေဘန်း(စစ်တွေ)က ပြောသည်။

ဘင်္ဂလာတွင် ဗုဒ္ဓဘာသာဝင်နေအိမ်များနှင့် ဘုန်းကြီးကျောင်းတွေ အကြမ်းဖက်ခံရမှုအပေါ်တွင် စစ်တွေမြို့မှ လူထုများအနေဖြင့် အလွှာပေါင်းစုံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း၌ ဗုဒ္ဓဘာသာဝင် ဟိန္ဒူများနှင့် မရာမာလူမျိုးများ ပူးပေါင်းပါဝင်လာမှုအပေါ် အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများက မကျေနပ်မှုကြောင့် ယခုကဲ့သို့ အဓိကရုဏ်းကို ဖန်တီးခြင်းဖြစ်ကြောင်း စစ်တွေဒေသခံများက ဆိုသည်။