Pages

Wednesday, October 24, 2012

ထောင်သောင်းချီသော လူများ နေအိမ်များကို စွန့်ခွာ ထွက်ပြေးနေ

ယမန်နေ့ စတင် ဖြစ်ပွားခဲ့သော လူမျိုးရေး အဓိဂရုဏ်းကြောင့် ထောင်သောင်းချီသော ကျေးရွာသား များမှာ လုံခြံရာသို့ထွက်ပြေးနေကြသည်ဟု သိရသည်။

မင်းပြား မွတ်လင် ပိုက်သည်ရပ်ကို အောက်တိုဘာ ၂၂ ရက် ညက မီးလောင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
မြောက်ဦးမြို့ပေါ်သို့ ပြောင်းရွှေ့ ထွက်ပြေးလာကြသော ရခိုင် ကျေးရွာသားများမှာ ရွာဟောင်းတော၊ ကျောက်တွင်းကုန်း၊ မောင်တာကုန်း၊ ပီပင်ကုန်း၊ နန်းကျ၊ လောင်းကြက်တောင်မော်၊ ရှောက်ပုံကျွန်း စသည့် ကျေးရွာများဘက်မှ ဖြစ်ကြောင်း သိရသည်။
“ မွတ်ဆလင်ရွာတွေနဲ့ နီးတဲ့ ရခိုင် ကျေးရွာတွေက လူတွေ မနေ့က စပြီး ပြောင်းရွှေ့လာကြပါတယ်။ အခုကတော့ လူတွေ ထောင်နဲ့ ချီပြီး မြောက်ဦးရောက်နေကြပါပြီ” ဟု ရှေးဟောင်း သုတေသန ဌာနမှူး (ငြိမ်း) ဆရာ ဦးကျော်ထွန်းအောင်က ပြောသည်။
မွတ်ဆလင်များမှာမူ မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာသို့ ထွက်ပြေး သွားကြသည်ဟု သိရသည်။
“ ပေါင်းတုတ် ကျေးရွာတို့၊ လက်မတို့၊ မနေ့က ပြဿနာ ဖြစ်ခဲ့တဲ့ သရက်အုပ်၊ နဂါရာ ရွာတွေက မွတ်ဆလင်တွေက ပုရိန်ကို ပြောင်းရွှေ့သွားကြပါတယ်။ သူတို့က ပုရိန်မှာ စုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုအခါ ပုရိန် အနားရှိ ရခိုင်ကျေးရွာများ ဖြစ်သော မောင်တာကုန်း၊ ပီပင်ကုန်း၊ ပရီကုန်း စသော ရခိုင်ရွာများကို မွတ်ဆလင်များက မီးရှို့မည် ဆိုသဖြင့် ယခုအခါ မြောက်ဦးပေါ်မှ လူများသာမက တိမ်ညို၊ နကန်ဘက်မှ ကျေးရွာသားများလည်း လိုက်ပါသွားကြသည်ဟု သိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြောက်ဦး ယဉ်သည်ရွာတွင် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး  ၎င်းနောက် ဇီးဇာသို့ ကူးစက်သွားကာ နောက်ဆုံး နဂကွေ့တွင် ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်/
နိရဉ္စရာ