Pages

Thursday, October 4, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘုန်းကြီးကျောင်းများနှင့် ဘုရားစေတီများ ဖျက်ဆီးခံရခြင်းအပေါ် ရန်ကုန်မြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်



ယနေ့ နေ့လည် ၁နာရီ ကျော်ခန့်အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ မကွေးပရိယတ္တိ စာသင်တိုက်ရှေ့တွင် ရန်ကုန်မြို့ရှိ သံဃာတော် များက ဘင်္ဂလားဒေ့ရှ်တွင် ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော် ပြုလုပ်ခဲ့ကြောင်း မြစ်မခ သတင်းထောက်က သတင်းပေးပို့သည်။ အဆိုပါ သံဃာတော်အပါး ၂၀၀ ကျော်ခန်နှင့် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်များသည် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံး ရှေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ကြပြီး သက်ဆိုင်ရာမှ ခွင့်ပြုချက် မရရှိခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့် စစ်တကောင်း ဒေသများတွင် ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းများနှင့် လူနေအိမ်များအား အစ္စလာမ်ဘာသာဝင်အချို့က မီးရှို့ဖျက်ဆီး ခဲ့ကြသောကြောင့် ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။ အောက်တိုဘာလ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာသံဃာတော် ၃၀၀ ခန့်က ဘင်္ဂလားဒေ့ရှ်၌ ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံခဲ့ရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရှိရသည်။ ဆိုပါ အကြမ်းဖက်မှုနှုင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက်လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်များနှင့် ဆက်နွှယ်နေသော လူ ၃၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ကအောက်တိုဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
မြစ်မခ