Pages

Wednesday, October 31, 2012

သီလ၀ါ အထူးစီးပွားရေးဇုန် အလုပ်ရုံဆွေးနွေးပွဲ(ရုပ်-သံ)

http://www.burmavjmedia.net/wp-content/uploads/2012/10/DSCN8700_xvid.mp4_000001760.jpg
IBC ခန်းမတွင် ကျင်းပပြုလုပ်သော သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း အလုပ်ရုံဆွေးနွေးပွဲ
 သီလ၀ါအထူးစီးပွားရေးဇုန်ကို ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အများပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးဆက်အောင်၊ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်နဲ့ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေ၊ သီလ၀ါဆိပ်ကမ်းဒေသအနီးက ဒေသခံတွေနဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေ တက်ရောက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကို အောက်တိုဘာလ ၂၈ ရက်နေ့က IBC ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ တဖက်ကမ်း သန်လျင်မြို့နယ်မှာ တည်ထောင်မှာဖြစ်တဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ကို အများပြည်သူထည့်ဝင်ငွေနဲ့ အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းဖော်ဆောင်မှာဖြစ်ကာ စီမံကိန်းမြေနေရာ စတုရန်းဟက်တာ ၂၄၀၀ ဧကအားဖြင့် ၅၀၀၀ ကျော်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။