Pages
(Move to ...)
Reference Exchange Rate ( မြန်မာငွေ လဲနှုန်း)
မြန်မာနိုင်ငံမြို့ကြီးများ၏နေ့စဉ်မိုးလေ၀သ
MRTV
Live Show
MRTV 4
mntv
5 Plus
SKY NET
Channel 7
▼
Monday, October 22, 2012
ဦးခင်ညွန့် လူမြင်ကွင်းပြန်ထွက်
ဓာတ်ပုံ-အရှင်ဝီရသူ ဖေ့စ်ဘုတ်
ဦးခင်ညွန့်တယောက် လူမြင်ကွင်းကို တဖြည်းဖြည်း ပြန်ထွက်လာပါပြီ အခုဆို နိုင်ငံရေး အကျဉ်းသား ဟောင်း အရှင် ၀ိရသူနဲ့ တွေ့နေတဲ့ ဓာတ်ပုံကို အရှင် ၀ိရသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။
ဒါဟာ တမျိုးဆန်းကျယ်နေပါတယ်။ တချို့ ဝေဖန်ရေးသားထားတာတွေကလည်း စိတ်ဝင်စားစရာပါ။ ဦးခင်ညွန့်ရော အရှင် ၀ီရသူရော ၂ ဦးလုံးဟာ လောကဓံကို အကျဉ်းသား ဘ၀တွေနဲ့ ရင်ဆိုင်ခဲ့ ရဘူး တာတော့ တူ ပါတယ်။
မတူတာကတော့ အာဏာ အရှိဆုံး ဖြစ်ခဲ့မှုနဲ့ အာဏာ မရှိဆုံး ဖြစ်ခဲ့ရတာတွေပါ။ ဦးခင်ညွန့်ကတော့ မကြာသေးခင်ကလည်း သမ္မတ ဦးသိန်းစိန်ကို မဝေဖန်သင့်ဘူးလို့ ပြောခဲ့ပါသေးတယ်။ ဒီအပြင် ကြံ့ခိုင်ရေး ပါတီနဲ့ပတ်သက်ပြီး အရင်ကနဲ့ အခု ရည်ရွယ်ခဲ့တာတွေ လုံးဝ မတူတော့ဘူးလို့ မှတ်ချက် တိုတိုရှင်းရှင်း ကို ပြောသွားခဲ့ပါသေးတယ်။
ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ကို နေအိမ်အကျယ်ချုပ်ချမှတ်ခံထားရာက သမ္မတ ဦးသိန်းစိန်ရဲ့ ယခုနှစ်ဆန်းပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီး လူမှုရေး လုပ်ငန်းတွေသာ လုပ်ကိုင်နေပါတယ်လို့ သူက ဆိုထားပါ တယ်။
ပြန်လည်လွတ်မြောက်လာပြီး ဒီပဲယင်း ကိစ္စမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ အသက်ကို ကယ်တင်ခဲ့ တယ် ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အတော်ပွဲဆူခဲ့ပါတယ်။ သူကတော့ ဒီစကားကိုလည်း မပြောခဲ့ဘူး လို့ အစိုးရ သတင်းရဲတပ်ဖွဲ့က ထွက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရသည်အထိဖြစ်ခဲ့ရတာပါ။
‹
›
Home
View web version