Pages

Monday, October 8, 2012

သံဃာတော် အပါး ၃ဝဝ ကျော်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ နှင်အမေရိကန်သံရုံးရုံးရှေ့တွင် ဆန္ဒဖော်ထုတ်




အောက်တိုဘာလ ၈ ရက် မွန်းလွဲ ၂း ၃ဝနာရီ ခန့်တွင် သံဃာတော် အပါး ၃ဝဝ ကျော်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၌ မေတ္တာသုတ်များ ရွတ်ဖတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသို့ တောင်းဆိုချက်များပါဝင်သော သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ထို့နောက် ဆက်လက်၍ သံဃာတော်များ သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့သို့ သွားရောက်ကာ လစ်ဗျားနိုင်ငံ၌ ကျဆုံးခဲ့သော အမေရိကန်သံအမတ်ကြီးအတွက် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။ယခုသတင်းပေးပို့နေသည့်အချိန်တွင်သံဃာတော်များသည်အမေရိကန်သံရုံးရှိရာသို့အင်းလျား လမ်းအတိုင်းလမ်းလျှောက်သွားနေကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်သူများရောက်ရှိမေတ္တာပို့နေပြီဖြစ်ပြီး လုံခြုံရေးချထားမှုမှာဘင်္ဂလားဒေရှ်သံရုံးရှေ့ဆန္ဒဖော်ထုတ်စဉ်ကထက်များကြောင်းပေါ်ပြူလာနယူးစ်သတင်းထောက်မှသတင်းပေးပို့သည်။(ဓါတ်ပုံ/သတင်း သုတလင်း)