Pages

Tuesday, October 16, 2012

ဝမ်ပေါင်ကြေးနီကုမ္ပဏီမှ အချို့မီဒီယာများကို တရားစွဲမည်ဟု သတိပေးသည်ဆိုခြင်း

 
 လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက် နေသော မြန်မာဝမ်ပေါင်သတ္တု တွင်းထူးဖော်ရေးကုမ္ပဏီနှင့် မြန်မာ့ စီးပွားရေးဦးပိုင်ဦးပိုင်ကုမ္ပဏီတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အရေးအသားများကို မီဒီယာများ တွင် ဆက်လက်ဖော်ပြနေပါလျှင် တရားစွဲဆိုတော့မည်ဟု ကုမ္ပဏီ တာဝန်ရှိသူများက ပြောဆိုလိုက် သည်။

အချို့လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ မီဒီယာတွင် ဖော်ပြနေသော သတင်းများသည် ကုမ္ပဏီနှစ်ခု စလုံး၏ဂုဏ်သိက္ခာကို ထိခိုက်စေ သည့်အတွက် တရားစွဲဆိုရန်စီစဉ် ရခြင်းဖြစ်ကြောင်း မြန်မာဝမ်ပေါင် သတ္ထုတွင်းတူးဖော်ရေးကုမ္ပဏီ၏ အကြီးအကဲမစ္စတာဂျင်းရီက မြန်မာ စကားပြန်ကတဆင့်ပြောခဲ့ခြင်းဖြစ် ၍ ရန်ကုန်မြို့လှိုင်မြို့နယ်ရှိ ၀မ်ပေါင် ကုမ္ပဏီရုံးခန်းတွင် အောက်တိုဘာ လ ၁၅ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်ပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မုံရွာ တစ်ဖက်ကမ်းတွင်ရှိသော လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း အတွက် တရုတ်ကုမ္ပဏီမြန်မာ ၀မ်ပေါင်နှင့် မြန်မာစီးပွားဦးပိုင် ကုမ္ပဏီနှစ်ခုအကျိုးတူးပူပေါင်း၍ ကြေးနီထုတ်လုပ်ရန်ဒေသတွင်းရှိ ကျေးရွာ ၆ ရွာ လယ်ယာမြေဧက ၇၈၀၀ ကျော် ဘုန်းတော်ကြီးကျောင်း များ စာသင်ကျောင်းများကို ဖယ်ရှာပေးရန် ကြိုးစားခဲ့ပြီးနောက် ဒေသခံရွာသူရွာသားများက လယ် ယာမြေအတွက်နစ်နာကြေးမရသေး ကြောင်းနှင့် သီးနှံအတွက်ဆုံးရှုံး နစ်နာကြေးသာရကြောင်းပြောဆို လာခဲ့ပြီး ကုမ္ပဏီများ ဘက်မှလည်း လယ်ယာမြေသိမ်းယူခံရသော ကြောင့်ရသင့်သည်နစ်နာကြေးများ ကို ပေးပြီးဖြစ်ကြောင်းပြန်လည် ထုတ်ပြန်ခဲ့သော အငြင်းပွားမူဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။ ဥယျာဉ်မှူး မူရင်းသတင်း----The Hot News