Pages

Tuesday, October 2, 2012

ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲ မိထ္ထီလာမြို့၊ သီရိမင်္ဂလာ ရပ်ကွက် အောင်မင်္ဂလာခမ်းမမှာ ဒီကနေ့ ကျင်းပ

 
ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အထက်မြန်မာပြည် ခရီးစဉ် အတွင်း ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ လူထုတွေ့ဆုံပွဲ မိထ္ထီလာမြို့၊ သီရိမင်္ဂလာ ရပ်ကွက် အောင်မင်္ဂလာခမ်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က-

" ကျွန်တော်တို့ ၈၈ ကျောင်းသားတွေအနေနဲ့တော့ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံတာမျိုးကို လုံးဝလက်မခံပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ထဲကို

ဘိုးစဉ်ဘောင်ဆက်ထဲက အခြေချနေထိုင်ပြီးတော့
...ဟော့ဒီမြေ ဟော့ဒီရေဟာ ငါတို့ပြည် ငါတို့မြေ။ ငါတို့ဟာ အခွင့်အရေးကြီး ပဲ တောင်းဆိုနေမှာမဟုတ်ဘူး။ အရေးကြုံရင် ဒီမြေ ဒီရေ အပေါ်မှာ သစ္စာစောင့်သိပါမယ်ဆိုတဲ့ အသိတရားလည်း ရှိဖို့လိုပါတယ်။ "

၅ ရက်ကြာမြင့်မယ့် မြန်မာပြည်အလယ်ပိုင်း ခရီးစဉ်အတွင်း
ကျောက်ဆည်၊ သဲတော၊ ၀မ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ဘုရားငါးဆူနဲ့ ယင်းမာပင်မြို့တွေကို သွားရောက်မှာဖြစ်ပြီး မြို့ခံလူထုတွေနဲ့
တွေ့ဆုံမှာ ဖြစ်ပါတယ်။

ယခု ခရီးစဉ်ဟာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ဒုတိယ အကြိမ်မြှောက် ခရီးစဉ်ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ စမ်းချောင်းကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီး၊ မနုနုအောင်စ တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ပထမအကြိမ်
မြန်မာပြည်အလယ်ပိုင်း ခရီးစဉ်အတွင်း မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံ၊ ညောင်ဦး စတဲ့မြို့တွေကို သွားရောက်ခဲ့ပြီး လူထုနဲ့တွေဆုံခဲ့ကြ ပါသေးတယ်။

(ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)

News from : RFA Burmese