Pages

Tuesday, October 2, 2012

မဟတ္တမဂန္ဒီ၏ ၁၄၃ ကြိမ်မြောက်မွေးနေ့အထိမ်းအမှတ်ပွဲကိုရန်ကုန်မြို့ရှိ၊ အိန္ဒိယသံရုံးတွင် ကျင်းပ

 
အိန္ဒိယနိုင်ငံ၏ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် မဟတ္တမဂန္ဒီ၏ ၁၄၃ ကြိမ်မြောက်မွေးနေ့အထိမ်းအမှတ်ပွဲကို နိုင်ငံတကာအကြမ်းမဖက်ရေးနေ့ဟု ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် ယနေ့(အောက်တိုဘာ ၂ ရက်နေ့) တွင် ရန်ကုန်မြို့ရှိ၊ အိန္ဒိယသံရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သီတဂူဆရာတော်ဒေါက်တာအရှင်ဥာဏိဿရက မဟတ္တမဂန္ဒီသည်ဗုဒ္ဓဘာသာဝင်တစ်ဦးမဟုတ်သော်လည်း ဗုဒ္ဓဘာသာ၏အခြေခံအချက်များဖြစ်သည့် ပါရမီ ၁၀ ပါးကိုကျင့်သုံးကြောင်းကို ဂန္ဒီ၏ဘ၀အတွေ့အကြုံဖြတ်သန်းမှုများနှင့်ယှဉ်ကာ Life of Mahatama Gandhi & Buddhist Principles ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးဒေါက်တာဗီလာဆွန်ဒါရာရာဂျမ် ရှေရှာဒရီက သီတဂူဆရာတော်ကြီးအနေဖြင့် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ငြိမ်းချမ်းရေးအယူအဆများကို မဟတ္တမဂန္ဒီမွေးနေ့အထိမ်းအမှတ်ပွဲတွင် ဟောကြားပေးမှုကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။

News from : 7Day News Journal