Pages

Tuesday, October 16, 2012

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အဖြစ် သမ္မတကြီး ပြန်လည် ရွေးချယ်ခံရ

 
ရန်ကုန် ၊အောက်တိုဘာ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ နေရာအား နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြန်လည် ရွေးချယ်ခံရကြောင်း ယင်းပါတီ ဗဟိုညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်သမ္မတကြီး၏ သက်တမ်းအတွင်း ပါတီလုပ်ငန်းစဉ်များ မလုပ်ဆောင်နိုင်သည့်အတွက် သူရဦးရွှေမန်းက ပူးတွဲ ဥက္ကဋ္ဌ (ယာယီ) အဖြစ် တာဝန်ယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကောင်မတီဝင် ၄၄ ဦးကို ပြန်လည် ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း ယင်းပါတီ ဗဟိုညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြန်လည်ရွေးချယ်လိုက်သော ဗဟိုအလုပ်မှုဆောင်အဖွဲ့ ၄၄ ဦးတွင် နိုင်ငံတော် သမ္မတကြီး အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီး ၁၁ ဦး ၊ ပြည်နယ် ဝန်ကြီးချုပ် ၁၁ ဦး ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ ၊ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့ စသဖြင့် ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက် များ အရ သိရသည်။

The Voice Weekly