Pages

Thursday, October 18, 2012

လက်ပန်တောင်းတောင်ပြည်သူညီလာခံ ကျင်းပ

 
မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် ဆည်တည်း ကျေးရွာတွင် အောက်တိုဘာ ၁၈ရက်နေ့ နံနက် ၇း၀၀ နာရီမှ ည ၇း၀၀ အချိန်ထိ ကျင်းပသည့် လက်ပန်တောင်းတောင် ပြည်သူညီလာခံတွင် လက်ပန်တောင်းတောင် စီမံကိန်းများ ရပ်ဆိုင်းရေးအတွက် ဆည်တည်းကျေးရွာနေ ပြည်သူများမှ အဆိုတင်သွင်းလွှာများ တင်သွင်းကြပြီး ညီလာခံမှ ရပ်ဆိုင်းရေး အတည်ပြုချက် ထုတ်ပြန်ခဲ့ပါသည်။

ဆရာကြီး ဒဂုံတာရာမှလည်း ဒေသခံများ ခံစားနေရမှုများကို ခံစား နားလည်ကြောင်းနှင့် ပြည်သူများ အမြန်ဆုံး ငြိမ်းချမ်းပါစေဟု သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ လက်ပန်တောင်းတောင် ပြည်သူညီလာခံကို အောက်တိုဘာလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဟု သိရှိရပါသည်။
Burma VJ Media Network