Pages

Tuesday, October 2, 2012

မြန်မာလူငယ်ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် Digicel ၏ သံတမန်တစ်ဦ်းဖြစ်သည့်လီဗာပူးလ်အသင်းမှ ကစားသမားဟောင်း ဂျွန်ဘားမ်စ် က နည်းစနစ်ဆိုင်ရာလေ့ကျင့်သင်ကြားခဲ့

 
 မြန်မာနိုင်ငံဘောလုံး အဖွဲ့အား အဓိကကူညီပံ့ပိုးပေးသော Digicel မှ လူ ငယ်ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအား တရားဝင်ကြေ ညာခြင်း အခမ်းအနားကို စက်တင်ဘာ ၁၉ရက်နေ့က ကျင်းပခဲ့ရာ ပဏာမ အစီအစဉ် အနေဖြင့် အသက်၁၂နှစ်အောက် လူငယ် အားကစား သမား အယောက်၅ဝကို ရွေး ချယ်၍ အင်္ဂလန်နှင့် လီဗာပူး အသင်းတို့၏ ဘောလုံး ကစားသမားဟောင်း၊ Digicel  ၏သံတမန် တစ်ဦးဖြစ်သည့် ဂျွန်ဘားမ်စ်ကလေ့ကျင့်သင်ကြားပေးခဲ့သည်။လူငယ် မျိုးဆက်သစ် ကစားသမား အယောက်၇ဝကို နည်းစနစ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှု၊ ကြံ့ ခိုင်မှုဆိုင်ရာ အပိုင်းများ သင်ကြားပြသပေးခဲ့သည်။
ထို့အပြင် နည်းပြ အယောက် ၄ဝကိုလည်း သင်တန်းပေးခဲ့သူ Digicel ၏ သံတမန်နှင့် လူငယ်ဘောလုံး အားကစား တိုးတက်မှု ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် ဂျွန်ဘားမ်းစ်က “မြန်မာနိုင်ငံကို လူငယ်ဘောလုံး ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်နှင့် လာရတာ တအားကိုဝမ်းသာကြည်နူးမိပါတယ်။ ကျွန်တော်ငယ်စဉ်တုန်းကဆိုရင် ဒါမျိုး အခွင့်အရေးကောင်းတွေ မရှိခဲ့ပါဘူး။ အခုလိုမျိုး ပံ့ပိုးမှုတွေ ပေါ်လာတာ လူငယ်အား ကစားသမားများအတွက် တအားကို ဝမ်းသာစရာကောင်းပါတယ်။ပြီးတော့ဒီ၎ရက် တာ အစီအစဉ်တွေမှာ ကျွန်တော်စိတ်လှုပ်ရှားပါတယ်။ လူငယ်တွေရဲ့ သိမြင် နားလည်မှုတွေ၊ သင်ကြားပြသမယ့် အစီအစဉ်တွေကို လိုက်နာနိုင်မှုတွေက တစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ ကလပ်အသင်းတွေမှာ ကိုယ်စားပြုပြီးကစားနိုင်မယ်လို့  မျှော်လင့်ပါတယ်”ဟု ရှင်းလင်းပြောကြားခဲ့သည်။ Digicel ၏ သံတမန် တစ်ဦးဖြစ် သူဂျွန်ဘားမ်စ်မှာ လူငယ်များစံထားရာ ဘောလုံးသမားကောင်းတစ်ဦးဖြစ်သလို ဘောလုံးကျွမ်းကျင်မှု၊ နည်းပညာ ဆိုင်ရာ ကျွမ်းကျင်မှုတွေနှင့် ပြည်စုံသူလည်း ဖြစ်သည်။ Digicel အဖွဲ့အစည်းနှင့် ပတ်သက်၍ Digicel သည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၃၁နိုင်ငံမှာ ဆက်သွယ်ရေး လုပ်ငန်းကို ဦးဆောင်ပြီး ဆောင်ရွက်နေ သော ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး Digicel အဖွဲ့၏အဓိက အားသာချက်မှာ ဆက် သွယ်ရေး ဆိုင်ရာ၌ ဝန်ဆောင်မှုကောင်းမွန် သည့်အတွက် ဆုတံဆိပ်တော်တော် များများကိုလည်း ပိုင်ဆိုင်ထားခြင်းဖြစ်ပေသည်။ ယခု အကောင်းဆုံး အော်ပရေတာ ဈေးကွက်ဖွံ့ဖြိုး တိုးတက်မှု ကမ္ဘာလုံး ဆိုင်ရာ ၂ဝ၁ဝဆုကိုလည်း ရရှိထားကြောင်း သိရသည်။

Popularmyanmar