Pages

Tuesday, October 9, 2012

တလှိုင်းပြီးတလှိုင်း တက်လာမယ်ဆိုတဲ့ Generation Wave

 
တချိန်က မြေအောက်လှုပ်ရှားမှုအဖွဲ့အစည်းတခုလို့ ထင်ရှားခဲ့တဲ့ Generation Wave ဟာ အခုချိန်မှာတော့ နိုင်ငံရဲ့လှုပ်ရှားမှုတွေကို ထင်ထင်ပေါ်ပေါ် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်ဆိုတဲ့ ခရီးကို နောက်ပြန်ကြည့်လိုက်ရင် ၂၀၀၇ စက်တင်ဘာ ကစပြီး Generation Wave ရဲ့ လှုပ်ရှားမှု ကာလတလျှောက် အဖမ်းအဆီးခံရတဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ ကိုဇေယျာသော် အပါအ၀င် ၂၃ဦး ရှိခဲ့ပါတယ်။
 ပြုပြင်ပြောင်းလဲလာတဲ့ လက်ရှိအစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြန်လည် လွတ်မြောက် လာခဲ့ပေမယ့် Generation Wave မှာပါဝင်တဲ့ ကိုမိုးသွေးကိုတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲမှာ ဦးဆောင်သူအဖြစ် တရားစွဲဆိုခံထားဆဲ ဖြစ်ပါတယ်။

Genertion Wave ကို ၂၀၀၇ အောက်တိုဘာလ ၉ရက်နေ့ မှာ စတင်ဖွဲ့စည်းထူထောင်ခဲ့တာပါ။ အပြောင်းအလဲအတွက် လှုံ့ဆော်စည်းရုံးတဲ့ လူငယ်လှုပ်ရှားမှုလေးတခု ဖြစ်ပါတယ်။ဒီအဖွဲ့ကို ဦးဆောင်ခဲ့သူ တွေကတော့ ကိုဇေယျာသော် (ခ) ဖြိုးဇေယျာသော် ၊ အောင်ဇေဖြိုး ၊ မိုဃ်းသွေး နဲ့ မင်းရန်နိုင်တို့ ဖြစ်ပါတယ်။ နိုင်ငံရဲ့လှုပ်ရှားမှုတွေအပေါ် လှိုင်းတွေ တလှိုင်းပြီးတလှိုင်း တက်လာမယ်ဆိုတဲ့ မျိုးဆက်လှိုင်းတွေကို ကိုယ်စားပြုပြီး Generation Wave လို့ အမည်ပေးခဲ့ကြတာပါလို့ ကိုဇေယျာသော်က ရှင်းပြခဲ့ပါတယ်။

News from : ဧရာဝတီသတင်း