Pages

Tuesday, October 23, 2012

Hot News ဂျာနယ်၏ မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတကြီး၏ ဖြေကြားချက်

 
 
အဲဒီတော့ ခုနကလို လယ်မြေ သိမ်းဆည်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သုံလေးခါလောက် ဖြေပြီးဖြစ်ပါတယ်။ အဲဒီတော့ ဆင်းရဲနွမ်းပါမှုလျှော့ချရေးနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ကျွန်တော်တို့ စီမံချက် လုပ်ငန်းစီမံချက် (၈) ရပ်ချပြီးတော့ ဆောင်ရွက်နေပါတယ်။ အဲဒီတော့ ဒီဟာလည်း ခုနကလို ချက်ချင်းတော့ နေ့ချင်းညချင်း တောင်သူလယ်သမားတွေကတော့ လေထိုးပေးလိုက်သလိုတော့ ချမ်းသာ လာစရာတော့ သိပ်တော့ အကြောင်းမရှိဘူး။ အဲဒီတော့ ကျွန်တော်တို့လည်း တတ်နိုင် သလောက် သူတို့ကိုပေးနိုင်ပြုနိုင် အရင်းအနှီးတွေ ထုတ်ပေးနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေတယ်။ နောက် သူတို့ဘက်ကလည်း ခုနကလို အလုပ်အကိုင်ကို ကြိုးစားပမ်းစားနဲ့ လုပ်ဖို့လိုပါတယ်။ အဲဒီတော့ နည်းလမ်းမျိုးစုံနဲ့တော့ ကျွန်တော်တို့ ကြိုးစားပြီးတော့ လုပ်နေပါတယ်။ နိုင်ငံရဲ့စီးပွားရေး အခြေအနေ တိုးတက်လာတာနဲ့အမျှ တောင်သူလယ်သမား တွေရဲ့ အရင်းအနှီးတွေဘာတွေ ဒါတွေလည်း ပိုမိုပြီးတော့ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ မနေ့တစ်နေ့ကပဲ ကျွန်တော်တို့ ဟိုတုန်းကဆိုရင် တောင်သူလယ်သမားတွေရဲ့ အမတော်ကြေး အနေနဲ့ ကျွန်တော်ထင်တယ် လေးသောင်း လေးသောင်းပဲရတယ်။ လေးသောင်းကနေ ပြီးတော့ ကျွန်တော်တို့ အခု ငါးသောင်း၊ ငါးသောင်းကနေပြီး တစ်ခါတည်း အခု နွေစပါး စိုက်တဲ့သူတွေဆိုရင် ရှစ်သောင်း ဒီလိုတွေ ကျွန်တော်တို့ ပေးနိုင်သလောက် ပေးနေတာပါ။ ဒီဟာကလည်း တိုင်းပြည်ရဲ့ဘတ်ဂျတ်ကနေ ပေးရတာဖြစ်တဲ့ အတွက်ကြောင့် ဘဏ္ဍာငွေ အခြေအနေပေါ်မှာပဲ ကျွန်တော်တို့ လုပ်ပေးရတာဖြစ်ပါတယ်။ နောက် တောင်သူလယ်သမားတွေရဲ့ဘဝ တိုးတက်လာဖို့အတွက် ကျွန်တော်တို့ တကယ် စေတနာ ထားပြီးတော့ လုပ်နေပါတယ်လို့ ဖြေချင်ပါတယ်။

by Hmuu Zaw (Facebook)