Pages

Wednesday, October 17, 2012

လက်နှစ်ဖက်လုံးမရှိဘဲပထမဆုံး လေယာဉ်မောင်းသူ Jessica Cox




ဒီလိုလေယာဉ်မောင်းနိုင်တယ်-မသန်ပေမဲ့ စွမ်းတဲ့သူလေးပါ-
 အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့် ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။
လေယာဉ်တံခါးဒီလိုဖွင့်နိုင်တယ်
 Cox ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ် အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့ ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။
ဒီလိုစာရေးနိုင်တယ်

သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး ခြေနင်:မပါရှိတဲ့ လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။
ဒီလိုအလှပြင်နိုင်တယ်-

Add caption


လက်မပါဘူးဆိုပြီးသွားမစနဲ့-သေသွားမယ်-ကိုယ်ခံပညာတတ်တယ်-


အဲ့ဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့ ခြောက်လလောက် သူရဲ ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့ လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့ ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။



ဒီလိုကွန်ပျုတာကစားနိုင်တယ်-
                                                               Mg Kyaw(Facebook) မှ