Pages

Thursday, October 25, 2012

 အစိုးရနှင့် KIO အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရွှေလီ၌တွေ့မည်

အစိုးရနှင့် KIO တရုတ်နိုင်ငံ ရွှေလီမြို့တွင် အောက်တိုဘာလ ၃၀ရက်နေ့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ အဖွဲ့ဝင်ဦးလမိုင်ဂွမ်းဂျာက အောက်တိုဘာလ ၂၅ ရက်နေ့တွင်ပြောကြားခဲ့သည်။
အစိုးရ၏ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းမှုကို KIO  အဖွဲ့မှ လက်ခံကြောင်း၊ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရွှေလီတွင်ပြုလုပ်ရန် ကမ်းလှမ်းမှုကို လက်ခံကြောင်း၊အောက်တိုဘာလ ၂၂ရက်နေ့တွင် အစိုးရထံ အကြောင်းပြန်ခဲ့ကြောင်း၊ထို့နောက် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည့်အချိန် ကို အောက်တိုဘာလ ၃၀ရက်နေ့တွင် ပြုလုပ်ရန် KIO ဘက်မှ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထပ်မံအကြောင်းပြန်ခဲ့ကြောင်း ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့ သည်။
''အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆွေးနွေးဖို့ KIO ဘက်က အစိုးရကို အကြောင်းပြန်ခဲ့ပါတယ်။ ဆွေးနွေးပွဲပြုလုပ်မယ့်အချိန်က မနက်စာစားပြီး နံနက် ၉နာရီဝန်းကျင်ဖြစ်ပါလိမ့်မယ်။နှစ်ဖက်တွေ့ဆုံမယ် တာဝန်ရှိသူစာရင်းကိုတော့ မကြာမီထုတ်ပြန်ပါလိမ့်မယ်''ဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့သည်။
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့နှင့် KIO  အဖွဲ့တို့ ပထမအကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအဖြစ်၂၀၁၁ခုနှစ်၊နိုဝင်ဘာလနောက်ဆုံးအပတ်လည်း ကောင်း၊ဒုတိယအကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအဖြစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယအပါတ်တွင်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့သည်။တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ၊ရွှေလီမြို့ ၌ ၂၀၁၂ခုနှစ်၊မတ်လ ၈ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် အပစ်အခေတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။