Pages

Sunday, October 21, 2012

နန်းခင်ဇေယျာ Miss Internet ဆု ရပြီ


 မြန်မာပြည်မှာ အင်တာနက် မြန်နှုန်းနိမ့်ပေမယ့် အိုကီနာဝါကျွန်း ၂၀၁၂ နိုင်ငံတကာမယ်ပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြု ၀င်ပြိုင်တဲ့ နန်းခင်ဇေယျာကတော့ Miss Internet ဆု ရရှိသွားပါပြီ။ သူ့ကို မဲပေးကြတဲ့ အနယ်နယ်က မြန်မာပြည်သားတို့ရဲ့ အားပေးမှုကြောင့် ဒီဆု ရရှိသွားတာဖြစ်ပါလိမ့်မယ်။ ဆုကြေညာပေးအပ်ပွဲ အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေရာမှာ သူ ဒီဆု ရရှိကြောင်း အခုလေးတင် တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။
Miss JOICEF is Haiti
 Miss Photogenic is Miss Japan
Miss Internet is Myanmar
 Miss National costume is Miss Honduras
Miss Talent is Miss Russia
 Miss Friendship is Miss Mauritius အင်တာနက် မကောင်းဘူးလို့ ပြောတဲ့ ကျနော် မြန်မာနိုင်ငံက Miss Internet ဆု ရတယ်ဗျ။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်ပဲနော်။ ဇကာတင် ဆယ့်ငါးယောက်တော့ကြေငြာလို့ပြီးသွားပါပြီ ။ မြန်မာတော့မပါပါဘူး ။
ဇကာတင် ဆယ့်ငါးယောက်တော့ကြေငြာလို့ပြီးသွားပါပြီ ။ မြန်မာတော့မပါပါဘူး ။ ပွဲပြီးသွားပြီဆိုပေမယ့် မြန်မာ့အလှမယ်ဟာ People Choice Award ဆုနဲ့ Miss Internet ဆုကြီးကို လက်ခံရရှိခဲ့ပါတယ် ။

ဆယ်စုနှစ်ကျော်အတွင်းပထမဆုံးအကြိမ်ဝင်ပြိုင်ခဲ့တဲ့ပွဲမှာ ဒီလောက်ထိအောင်မြင်မှုရခဲ့တယ်ဆိုတာ ကျွန်တော်တို့အတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ပါတယ်။

“ CONGRATULATION !! NAN KHIN ZAY YAR ”

ဒီပွဲမှာ ကျွန်တော်တို့ အကျိုးကျေးဇူးများစွာ ရခဲ့တယ်ဆိုတာ ဒီပွဲစဉ်တလျောက်လုံးလိုက်ပါအားပေးခဲ့ကြတဲ့ ပြည်သူပြည်သားတွေအသိဆုံးဖြစ်ပါတယ် ။ထိုင်းတို့ကိုရီးယားတို့ တခြားနိုင်ငံတွေထက်အများကြီးသာတယ်ဆိုတာ တစ်ကမ္ဘာလုံးလက်ခံလိုက်ရပြီဖြစ်ပါတယ်း))

သက်တန့်ချို