Pages

Friday, October 12, 2012

မြန်မာနိုင်ငံတွင် OIC ရုံးခန်းဖွင့်မည်ကို ကန့်ကွက် ဆန္ဒထုတ်ဖော်

မန္တလေး အောက်တိုဘာလ ၁၂ ရက်နေ့တွင် မန္တလေးသံဃာတော်များက မြန်မာနိုင်ငံတွင် OIC (အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) ရုံခန်း လာရောက်ဖွင့်မည်ကို လုံးဝလက်မခံနိုင်ကြောင်း ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သည်။
ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို မန္တလေး ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဆုတောင်းပြည့်ဘုရား ဝင်းအတွင်း စုရပ်နေရာမှ မွန်းလွဲပိုင်းတွင် စတင်စီတန်းလှည့်လည်ကာ ဦးပွားဘုရားမှ အနောက်သို့ စစ်ကိုင်း မန္တလေး လမ်း၊ ထိုမှ မြောက်ဖက် ၄၂ လမ်းအထိ၊ ၄၂ လမ်းမှ အရှေ့ဖက် ၇၈ လမ်းအထိ၊ ၇၈ လမ်းမှ တောင်ဖက်သို့ ဦးပွားဂုံးကျော်ပေါ်တက်ပြီး ဦးပွားဆုတောင်းပြည့်ဘုရားတွင် ပြီးဆုံးမည်ဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာလမ်းတွင် သံဃာတော်များမှ “ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဒို့မေတ္တာစွမ်း ကမ္ဘာလွမ်း ငြိမ်းချမ်းကြပါစေ” ဆိုသည့် သံပြိုင် မေတ္တာပို့ကို ရွတ်ဆိုကြသည်။
ယခုအခါ ဆန္ဒထုတ်ဖော်နေကြသည့် မန္တလေးသံဃာတော်များသည် ဦးပွားဘုရားဝင်းအတွင်း စုရပ်နေရာမှ စတင် ထွက်လာပြီဖြစ်ကာ အင်အား ၄၀၀၀ ခန့် ဖြစ်ကြောင်း CJMyanmar မှ သတင်း ရရှိသည်။
~ သတင်း,ဓာတ်ပုံ- CJ myanmar~