Pages

Monday, October 15, 2012

ရန်ကုန်မြို့ ၊ မန္တလေး မြို့ ၊ပခုက္ကူမြို့ နှင့်ရခိုင်ဒေသ များတွင်OIC ရုံး ကို ယာယီ ဖြစ်စေ ခဏ ဖြစ်စေ ဖွင့်လှစ် ရန် သဘောမတူ ကြောင်း ဆန္ဒပြ ခဲ့ ကြ



We don't believe "OIC"!!!!
ရန်ကုန်မြို့မှ OIC အားကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ(၁၅.၁၀.၂၀၁၂)
Photo - Pearl Phyu
 ရန်ကုန်မြို့ ၊ မန္တလေး မြို့  တွင် အိမ်တော်ရာဘုရားဝင်းမှစတင်၍၄င်း၊ ပခုက္ကူမြို့တွင် ဗောဓိမဏ္ဍိုင်ကျောင်းတိုက်မှ
သံဃာတော်အင်အား၂၀၀၀ကျော်စတင်၍၄င်း၊ ရခိုင်ဒေသတွင် ကျောက်တော်မြို့၊ ပုဏ္ဍားကျွန်းမြို့၊
ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့စသောမြို့ နယ် များ တွင် လည်း OIC ရုံး ကို ယာယီ ဖြစ်စေ
ခဏ ဖြစ်စေ ဖွင့်လှစ် ရန် သဘောမတူ ကြောင်း ဆန္ဒပြ ခဲ့ ကြ သည်။

OIC  ၏ ကြန်အင် လက္ခဏာ ဆောင်သည့် မည်သည့် အခြေစိုက် မှု မျိုး ကို မှ မြန်မာ နိုင်ငံ တွင်
ယာယီ ဖြစ်စေ ၊ အခိုက် အတန့်  ဖြစ် စေ မပြု လုပ် ရန် ရန်ကုန် ၊ မန္တလေး နှင့် နယ်မြို့ များ  တွင်
ယနေ့  ကျင်းပသည့် ဆန္ဒပြ ကန့် ကွက် ပွဲ သို့  ရဟန်း ၊ ရှင်လူ ၊ ပြည်သူ များ ထောင် နှင့် ချီ ၍
တက်ရောက်ကြသည် ဟု MLN မှ သတင်း ရရှိသည်။
ရန်ကုန် မြို့  တွင် ဗဟန်း မြို့ နယ် ကြားတောရ လမ်း ရှိ ကြေးသွန်း ဘုရားကြီး ရှေ့ ဉ် စု ရုံး ကြ ပြီး
နောက် ကမ္ဘာ အေး စေတီလမ်း ၊ အလံပြ ဘုရား လမ်း တို့  အတိုင်း ဆူးလေ စေတီ တော် ကို ချီ
တက် ပြီး မြန်မာ နိုင်ငံ တွင်း ဉ် OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့  ရုံးစိုက်ခြင်း မပြု
လုပ်ရန် ကန့် ကွက် ခဲ့ ကြသည် ဟု သိရသည်။

(OIC အဖွဲ့၏ မြန်မာပြည်တွင် ရုံးစိုက်မည့် ကိစ္စအား
ကန့်ကွက်ဆန္ဒပြနေကြသောရန်ကုန်မြို့မှ အမျိုးသမီးများ(၁၅.၁၀.၂၀၁၂))
Photo - Pearl Phyu
ရန်ကုန်မြို့ သန်လျင်မှ လူငယ်ပြည်သူများလည်း ရဟန်းတော်များနှင့်အတူ ဆန္ဒထုတ်ဖော်ကြသည်။(၁၅.၁၀.၂၀၁၂)
Photo - Pearl Phyu
ယနေ့(၁၅.၁၀.၂၀၁၂) တွင် ရန်ကုန်မြို့မှရဟန်းတော်များနှင့်အတူ OIC အားကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်နေကြသူများ..
Photo - Pearl Phyu
 
OIC ရုံး ဖွင့်လှစ် ခြင်း နှင့် ပတ်သက် သည့် ခွင့် ပြု မှာ ” ရှေ့ နောက်
မျှော်မြင် စဉ်းစား သည့် လုပ် ဆောင် ချက် မဟုတ် ” ဟု ဆန္ဒပြ မှု တွင် ပါဝင် သူ တစ်ဦး က ထောက်
ပြ သည်။ သူက ဆက်ပြီး နာဂစ် တုန်း က တောင် အမေရိကန် ကူညီပါမယ် ဆိုတာ တောင် လက်

ခံ ပြီး မ၀င် ခိုင်း တာ အခု မှ OIC ကို လက်ခံ တယ် ဆိုတော့ လွန်တာ ပေါ့ ” ဟု ဆိုသည်။

ခြေဖြင့်မနင်းပါ...မီးနှင့်မရှို့ပါ....လက်ဖြင့်သာရေးထိုးလေသည်။
(ကုလသမ္မဂသို့တင်မည့် OIC အလိုမရှိ စာသားပါဗီနိုင်းပေါ်တွင် လက်မှတ်ရေးထိုးနေသော
ရန်ကုန်မြို့မှ ရဟန်းတော်တပါး...၁၅.၁၀.၂၀၁၂)
Photo - Pearl Phyu

ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ မုခ် လမ်းမတွင် OIC ရုံး စိုက်ခွင့်မပြုရန် ဆန္ဒထုတ်ဖော် -( ၁၅.၁၀.၂၀၁၂)
OIC ရုံး ဖွင့်ခွင့်ပေးခြင်းကိုမူ ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဆွေများ အထူးသဖြင့် အမေရိကန်၊ အာဆီယံတို့နှင့် ဆွေးနွေးတိုင်ပင်ခြင်း မရှိပေ။ အာဆီယံ၏ ရခိုင်အရေး ကမ်းလှမ်းခဲ့မှုကို မြန်မာက မသိကျိုးကျွံပြုပြီး OIC ကို ပေးဝင်ခဲ့သဖြင့် အာဆီယံအဖွဲ့အနေဖြင့် စိတ်ပျက် အံ့အားသင့်ခဲ့ရကြောင်း အာဆီယံသံတမန် သတင်းရပ်ကွက်အဆိုအရ သိရသည်။

OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံးက ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်း က သတင်းထုတ်ပြန်ခဲ့ကြောင်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ကြားဖြတ်အထူးသတင်းအဖြစ် ထုတ်လွှင့်သွားခဲ့တာဖြစ်ပါတယ်။
http://www.ministryofinformation.gov.mm/index.php/news/local-news/1102--oic--.html