Pages

Sunday, October 14, 2012

လက်ပန်းတောင်းခြေ အောင်မြေမြင်သာကျောင်းတိုက် ဦးပိုင်နဲ့တရုတ်ကုမ္မဏီတို့က မြေကော်စက်နဲ့ ထိုးဖျက်မဲ့ အရေးကို စိုးရိမ်းနေကြရ

 
လက်ပန်းတောင်းခြေ အောင်မြေမြင် သာကျောင်းတိုက်တွင်ကျောင်းထိုင် ဆရာတော်- ဦးပညာဝံသသီးတင်း သုံးနေထိုင်တော်မူတဲ့ကျောင်းတိုက်ကို မြန်မာ့စီးပွားရေး ဦးပိုင်နဲ့တရုတ်ကုမ္မဏီတို့က မြေကော်စက်နဲ့ထိုးဖျက်မဲ့အရေးကိုလည်းစိုး ရိမ်းနေကြရတယ်လို့ သတင်းရရှိပါတယ်။

လက်ပန်းတောင်းခြေ အောင်မြေမြင်သာကျောင်းတိုက်တွင် သီတင်သုံးနေထိုင် လျှက်ရှိသော ကျောင်းထိုင်ဆရာတော်- ဦးပညာဝံသ ၊သက်တော်(၅၈) နှစ်၊၀ါတော် (၃၂)၀ါရ ဆရာတော်ကြီးသည် လက်ပန်းတောင်းတောင်စီမံကိန်း ကြောင့်စိတ်ထိခိုက်ပြီး နှလုံးရောဂါ သွေးအားနည်းရောဂါများခံစာနေရပြီး
 ဆေးဝါး ကုသမှုများအကြိမ်ကြိမ်ခံယူနေရကြောင်း ဆည်တဲရွာနေသူတစ်ဦးက ဆိုပါတယ်။

" အခုဆိုရင်ဆရာတော် ဆေးရုံတက်ရတာ(၅)ကြိမ်ရှိသွားပါပြီ။ဆရာတော်က အခုလက်ပန်းတောင်စီမံကိန်းကြီးမစခင်ကတော့ ကျန်းမာရေးက ခေါင်းမူး ခေါင်းကိုက်ဝေဒနာတောင်မရှိခဲ့ပါဘူး။ဒီစီမံကိန်းကြီးစမှအခုလို ဝေဒနာတွေ ခံစားရတာပါ။

ရွာက ဆွမ်းဒကာ/ဒကာမတွေ စိတ်ဆင်ရဲတာ အတိဒုက္ခရောက်တာတွေကို မြင်တွေ့နေရတာကိုမခံစားနိုင်တာလို့ ကျွန်တော်ထင်တယ်။နောက်ပြီးသူသီ တင်းသုံးနေထိုင်တော်မူတဲ့ကျောင်းတိုက်ကိုလည်း မြန်မာ့စီးပွားရေးဦးပိုင်နဲ့ တရုတ်ကုမ္မဏီတို့က မြေကော်စက်နဲ့ ထိုးဖျက်မဲ့အရေးကိုလည်း စိုးရိမ်တာ တွေလည်း ပါမယ်ထင်တယ်။

ကျောင်းကလည်း ရွာသူရွာသားတွေရဲ့ ချွေးတွေ လုပ်အားတွေနဲ့ လှူဒါန်းပြီး တည်ဆောက်ခဲ့တာ ရွာသားတွေကလည်းဒီကျောင်းကြီးကိုနှမျှောကြတယ်" ဟု ဆည်တဲရွာသားတစ်ဦးဆိုပါတယ်။

ThanLarWaddy Times