Pages

Monday, November 19, 2012

အမေရိကန် သမ္မတ Barack Obama နှင့် နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton မြန်မာနိုင်ငံ ရောက်ရှိ

တနင်္လာနေ့၊ နိုဝင်ဘာလ ၁၉၊ ၂၀၁၂

သမ္မတအိုဘားမား ရွှေတိဂုံစေတီတော် သောကြာထောင့်တွင် ရေသပ္ပာယ်နေစဉ်။
အမေရိကန် သမ္မတ အိုဘားမား၊ ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ရွှေတိဂုံစေတီတော်ကို ယနေ့မွန်းလွှဲပိုင်းက လှည့်လည်ဖူးမြော်နေစဉ်။ သမ္မတအိုဘားမား၊ ဟီလာရီ ကလင်တန်အပါအ၀င် အမေရိကန်အစိုးရအဖွဲ့ဝင်အားလုံးမှာ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်၍ ဖူးမြော်ခဲ့သည်ကိုလည်း တွေ့ရစဉ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ ရင်းရင်းနှီးနှီး ပွေ့ဖက်နှုတ်ဆက်နေကြစဉ်။
သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)တွင် တွေ့ရစဉ်။ 

နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် အမေရိကန် သမ္မတအိုဘားမားတို့ နှုတ်ဆက်နေကြစဉ်။
သမ္မတအိုဘားမားကို ကြိုဆိုနေသော ဒေါ်အောင်ဆန်းစုကြည်။ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်အလှန် နှုတ်ဆက်နေကြသည်ကို တွေ့ရစဉ်။


ဒေါင်းမာန်ဟုန်