Pages

Friday, November 23, 2012

သင်သတင်းထောက်ဖြစ်လိုပါသလား။

ဓာတ်ပုံ- J-School Network

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ J School မှ ရန်ကုန်တွင် အခမဲ့ သတင်းစာ ပညာ အခြေခံသင်တန်းပေးမည်။

သတင်းစာပညာအခြေခံသင်တန်း - ၂၀၁၂ ဇန်န၀ါရီလတွင် ဖွင့်လှစ်မည်။ အတွေ့အကြုံမရှိသူ (သို့မဟုတ်) တစ်နှစ်အောက် အတွေ့အကြုံရှိသူများ လျှောက်ထားနိုင်သည်။

သတင်းထောက်ဖြစ်လိုပါသလား။

တစ်လတိတိ သင်တန်း တက်ရောက်နိုင်ပါသလား။

ရန်ကုန်မြို့တွင် အခမဲ့သင်ကြားမည့် တစ်လကြာသင်တန်းတွင် သတင်းထောက်တစ်ဦး၏ အလုပ်အကိုင် အကြောင်း နားလည်စေရန်နှင့် သတင်းထောက်တစ်ဦးအဖြစ် လုပ်ငန်းခွင်ဝင်နိုင်ရန် လိုအပ်သည့် အခြေခံ ပညာများ သင်ကြားပေးမည်ဖြစ်ပါသည်။

နယ်မှလာရောက်သူများအတွက် လမ်းစရိတ်၊ အစားအသောက်နှင့် နေထိုင်ရေး စီစဉ်ပေးမည်ဖြစ်သည်။ လွတ်လပ်သည့် သတင်းစာပညာသင်ကြားမှုတွင် အတွေ့အကြုံရှိသော သတင်းစာပညာသင်တန်းဆရာ များက အနီးကပ် ကြီးကျပ်သင်ကြားပေးမည်။

မိမိကိုယ်တိုင် သတင်းလိုက် သတင်းရေး အင်တာဗျူးမေးမြန်းခြင်းများ လက်တွေ့လုပ်ရမည်။ အလုပ်ရှာနိုင် ရန် လိုအပ်သည့် အဆက်အသွယ်၊ ကွန်ယက်နှင့် အခြားလိုအပ်သည်များအတွက် မိတ်ဆက်ပေးနိုင်မည်။ သင်တန်းတက်ရန်အတွက် အောက်ပါ လျှောက်လွှာဖောင်ကို မိမိကိုယ်တိုင် မြန်မာ ဘာသာဖြင့် ဖြည့် သွင်းရမည်။

ပဏာမ အရွေးခံရပါက လူတွေ့စစ်ဆေးမှု ဆက်လက်ဖြေဆိုရမည်။ တိုင်းရင်းသားဒေသများမှ လျှောက် သူများကို အထူးလိုလားပါသည်။

ဖောင်ပြန်လည်ပေးပို့ရမည့် အီးမေးလ်လိပ်စာမှာ info@jschoolnewslab.com ဖြစ်ပါသည်။ 




ကိုယ်ရေးအချက်အလက်များ 

၁။ အမည် 
၂။ မွေးသက္ကရာဇ် နှင့် အသက် 
၃။ ကျား/မ 
၎။ လူမျိုး (တိုင်းရင်းသား) 
၅။ လက်ရှိ နေရပ်လိပ်စာ 
၆။ တယ်လီဖုန်း (တဆင့်ခံဆက်သွယ် ရမည်ဆိုပါက ထိုပုဂ္ဂိုလ်၏ အမည်ပါ ရေးပေးပါရန်။) 
၇။ သင်တန်းကာလ အတွင်း မိမိအစီအစဉ်ဖြင့် ရန်ကုန်တွင် နေထိုင်နိုင်ပါသလား။ 
၈။ အီးမေးလ်လိပ်စာ 
၉။ လက်ရှိ အလုပ်အကိုင် အဖွဲ့အစည်း/ရာထူး တာဝန်/ လစာ ဖော်ပြပေးရန်။ 
၁၀။ ယခင် အလုပ်အကိုင် - ခုနှစ်နှင့်တကွ အဖွဲ့အစည်း/ရာထူး တာဝန်/ လစာ ဖော်ပြပေးရန် 
၁၁။ သတင်းရေးဖူးပါသလား။ မည်သည့်မီဒီယာ၊ မည်သို့သော သတင်းအမျိုးအစား ဖြစ်သည်ကို ဖော်ပြပေးပါ။ 
၁၂။ သတင်းစာပညာသင်တန်း တက်ဖူးပါသလား။ သင်ကြားသည့် (အကြောင်းအရာ/ သင်တန်းကာလ/ ဆရာ/ ခုနှစ်/ နေရာ) ဖော်ပြပေးပါ။ 
၁၃။ အမြင့်ဆုံး တက်ရောက် ဆည်းပူးခဲ့သည့် ပညာအရည်အချင်း ဖော်ပြပေးပါ။ ချီးမြှင့်သည့် ပညာရေး အဖွဲ့အစည်း အမည် နှင့်နေရာလည်း ထည့်ရေးပေးပါ။ 
၁၄။ နိုင်ငံရေး လူမှုရေး အသင်းအဖွဲ့ လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ပါက အဖွဲ့အစည်းအမည်နှင့် တာဝန် ဖော်ပြပေးပါ။ 
၁၅။ “သတင်းထောက် ဖြစ်လိုသည့် အကြောင်းရင်း” ကို ၀ါကျ (၁၀)ကြောင်း ထက် မပိုစေရန် ဖြေဆိုပေးပါ။ ၁၆။ မိမိဦးစားပေး ရေးလိုသည့် သတင်းအမျိုးအစား ကို ဖော်ပြပေးပါ။ (နိုင်ငံရေး/စီးပွားရေး/ အားကစား စသည်) ဘာကြောင့် ထိုကဏ္ဍကို ရွေးချယ်လိုပါသလဲ။ ၀ါကျ (၅)ကြောင်းထက် မပိုစေရန် ရေးပေးပါ။ 
၁၇။ ပြီးခဲ့သည့် တစ်ပတ်တာအတွင်း မည်သည့် မီဒီယာများကို ဖတ်/နားထောင်/ကြည့် ခဲ့ပါသလဲ။ ၁၈။ အောက်တွင် (မိမိဘ၀၏ အရေးအကြီးဆုံးနေ့) ခေါင်းစဉ်ဖြင့် ၀ါကျ (၁၅)ကြောင်းထက် မပိုစေရန် စာတစ်ပုဒ် ရေးဖွဲပြပါ။ မေးခွန်း နံပါတ် (၁၈)အတွက် ဖြေဆိုရန် ခေါင်းစဉ်။ မိမိဘ၀၏ အရေးအကြီးဆုံးနေ့ ၁၉။ အောက်ပါ အချက်အလက်များမှ သတင်းတစ်ပုဒ်ဖြစ်စေရန် ပြန်လည်ရေးသားပေးပါ။

ပေးထားသည့် အချက် (၁၁) ချက်ထဲမှ အားလုံးဖြစ်စေ အချို့ကိုဖြစ်စေ ထည့်သွင်းရေးသား နိုင်ပါသည်။ မိမိစိတ်ကြိုက် အစီအစဉ်ချကာ ရေးသားနိုင်ပါသည်။ ၀ါကျ (၁၅)ကြောင်းထက် မပိုစေရပါ။ 

၁. ယမန်နေ့က ကပ္ပလီပင်လယ်ပြင်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ 
၂. ထိုနေရာတွင် အလားတူပြင်းထန်သော မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပေါ်မည်ဟု မိုးလေ၀သဌာနက ခန့်မှန်းထားသည်။ 
၃. မုန်တိုင်းသည် အိန္ဒိယတွင် စတင်ကာ မြန်မာနိုင်ငံတောင်ဖက်ပိုင်းကို ဖြတ်ပြီး ထိုင်းနိုင်ငံဖက်ဆီသို့ ရွေ့လျားခဲ့သည်။ 
၎. မုန်တိုင်းကြောင့် ငါးဖမ်းလှေနှစ်စီး တိုက်မိပြီး နစ်မြုပ်ခဲ့သည်။ 
၅. ယင်းမတိုင်မီ လှေနှစ်စီးအနေဖြင့် စုစုပေါင်း ငါးဆယ်ကီလိုဂရမ် (၅၀) ဖမ်းမိထားသည်။ 
၆. လှေနစ်သဖြင့် ကရင်လူမျိုး တံငါသည် ၂၇ဦး သေဆုံးခဲ့သည်။ 
၇.တံငါလှေ ကုမ္ပဏီများ၏ ဘေးအန္တရာယ်ကင်းရှင်းမှု မှတ်တမ်းကို အစိုးရက စစ်ဆေးမည်ဟု ပြောသည်။ ၈. မြန်မာနိုင်ငံ ငါးဖမ်းလှေများသမိုင်းတွင် အဆိုးဆုံးသော မတော်တဆဖြစ်ရပ် ဟု သိရသည်။ ၉.. သေဆုံးသူများအထဲတွင် (၆)ဦးမှာ ခရစ်ယာန်များ ဖြစ်သည်။ 
၁၀. ယခုလို ဖြစ်ရပ်ကြုံတွေ့ရကြောင်း အသက်ရှင်သူထဲမှ တစ်ဦးက ပြောကြားသည်။ 

မေးခွန်း နံပါတ် ၁၉ အတွက် အောက်တွင် ရေးသားဖြေဆိုပါ။ 

၂၀။ မိမိသည် ၂၀၁၃ ဇန်န၀ါရီလတွင် ကျင်းပမည့် သင်တန်းသို့ အစအဆုံး ပါဝင်တက်ရောက်ရန် ကတိ 
ပြုပါသည်။ (ကွန်ပြူတာဖြင့် ဖောင်ဖြည့်သူများလည်း ထိုးမြဲလက်မှတ်နေရာတွင် မိမိအမည်ကို လက်မှတ် ထိုးသည့်အနေဖြင့် ဖြည့်သွင်းရေးသားပါရန်။) 

ထိုးမြဲလက်မှတ်။…………………………………………. အမည်။…………………………………………………… 

 နေ့စွဲ။……………………………………………. 

 ဖောင်ပြန်လည်ပေးပို့ရမည့် အီးမေးလ်လိပ်စာမှာ info@jschoolnewslab.com ဖြစ်ပါသည်။ 

 နောက်ဆုံးပေးပို့ရမည့်ရက်မှာ ၂၀၁၂ ဒီဇင်ဘာလ (၁) ရက်နေ့ ဖြစ်ပါသည်။
ဧရာဝတီ Blog