Pages

Wednesday, November 14, 2012

ငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ နှစ်ဆတိုး

 
13.11.2012
 မြန်မာနိုင်ငံအလယ်ပိုင်းမှာ တနင်္ဂနွေနေ့မနက်ပိုင်းက ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ တာကြောင့် သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၆ ယောက် ရှိသွားပြီဖြစ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က အင်္ဂါနေ့က ပြောလိုက်ပါတယ်။

ဒဏ်ရာရရှိသူ ဦးရေ ၂၃၀ ရှိပြီးတော့ ၁၂ ယောက်က ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဘန်ကောက် အခြေစိုက်ICRC အဖွဲ့ရဲ့ အရှေ့အာရှ-ပစိဖိတ်ရေးရာဌာန ပြောခွင့်ရ ကိတ်၊ ရိုးလ်က ဗွီအိုအေ မြန်မာပိုင်း ကို အခုလို ပြောပါတယ်။

“ကြက်ခြေနီအဖွဲ့အနေနဲ့ ဒေသခံအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပြီး မြေ ငလျင်ဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ လူနေ ရပ်ကွက်တွေရဲ့ လိုအပ်ချက်တွေကို စီစစ်ပေးနေပါတယ်။ မနေ့ညက တွေ့ရှိချက်အရကတော့ သေဆုံးသူ ၂၆ ဦးရှိပြီး ဒဏ်ရာရသူပေါင်း ၂၃၁ ဦးရှိကာ ပျောက် ဆုံးသူဦးရေဟာ ၁၂ ဦးရှိတယ်လို့ သိရပါတယ်။ ပျက်စီးတဲ့အဆောက်အဦးပေါင်း ၄၆၂ ခုရှိပြီး နေ အိမ်တွေ၊ အစိုးရ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေ ပါဝင်ပါတယ်။”

ဒါ့အပြင် ICRC အဖွဲ့ကြီးအနေနဲ့လည်း ငလျင်ဒဏ် ခံခဲ့ရသူတွေကို အကူအညီပေးအပ်နေတာနဲ့ ပတ်သက်ပြီး သူက အခုလို ဆက်ပြောပြပါတယ်။

“ကြက်ခြေနီဝန်ထမ်းတွေအနေနဲ့ အရေးပေါ် ကယ်ဆယ်ရေးလိုအပ်ချက်တွေကို ကူညီဆောင်ရွက် လျှက် ရှိပြီး အရေးပေါ်ပစ္စည်းတွေကိုလည်း ဝေငှပေးလျှက် ရှိပါတယ်။ မီးဖိုချောင် ချက်ပြုတ်စရာ ပစ္စည်းတွေ၊ အရေးပေါ်ဆေးဝါး၊ တာပေါ်လင် အမိုးအကာတွေအပြင် ဆေးရုံတွေ ပို့ပေးဖို့ စသည်ဖြင့် စီစဉ်နေပါတယ်။ မြေငလျင်ဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ မြို့နယ်ပေါင်း ၇ ခုတို့မှာလည်း ဆက်ပြီိး အကူအညီပေးနေပါတယ်။ ကြက်ခြေနီိ စေတနာ့ဝန်ထမ်းပေါင်း ၈၀ ကျော်လောက်ဟာ ကွင်းဆင်းနေပြီးတော့ အခြေအနေကို နီးနီးကပ်ကပ် အကူအညီပေးလျှက် ရှိကြပါတယ်။
မနန္ဒာချမ်း(VOA)