Pages

Tuesday, November 6, 2012

စံရိပ်ငြိမ်မှတ်တိုင်း အနီးမှာ ကား(၄)စီး နှင့် ၀ိုင်းဝန် ရိုက်နှက်ခဲ့သည့် ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိ

 
စံရိပ်ငြိမ်မှတ်တိုင် အနီးဖြစ်ပွားခဲ့သော ဖြစ်စဉ်ပါ ပြစ်မှုကျူးလွန်သူ များအား  အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်း ရရှိပါသည်။

၁.၁၁.၂၀၁၂ ရက်နေ့  ညဥ့်နက် ၁ နာရီကျော်ခန့် အချိန်တွင် အင်းယားလိပ် GDR နိုက်ကလပ်မှ အပြန်  ရန်ကုန်-အင်းစိန်လမ်းမ  စံရိပ်ငြိမ် မှတ်တိုင်အနီး  ၃ခ/……….. မတ်တူး အစိမ်းပုတ်ရောင် ယာဉ်အား  အခြားယာဉ် (၄)စီးမှ  ရှေ့/နောက် ပိတ်ညှပ်ရပ်ရ်ျ  ကောင်းမြတ် ပါ (၈)ဦးမှ  ဆင်းလာကာ  ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ပြီး  ကားအား ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်တစ်ခု  ဖြစ်ပွားခဲ့ ပါသည်။

၎င်းဖြစ်စဉ်ပါ ပြစ်မှု ကျူးလွန်သူများ အနက်မှ ကောင်းမြတ် အား အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသော ရန်ကုန်တိုင်း ဒေသကြီး ခရိုင်(အထူး)ရဲတပ်ဖွဲ့မှ ၄.၁၁.၂၀၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး၊  ရင်မင်းသန့်(ခ)ဂျပန်ကြီး ဆိုသူအား  ၅.၁၁.၂၀၁၂ရက်နေ့ တွင် ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်း  နှင့်  ကျန်တရားခံများအားလည်း ဆက်လက် ရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း  Myanmar News Now မှ  သတင်းရရှိခဲ့ပါသည်။