Pages

Thursday, November 29, 2012

လက်ပန်တောင်းတောင်သပိတ်စခန်းကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခံရ


လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်းရပ်ဆိုင်းရန် တောင်းဆိုနေသည့် သပိတ်စခန်းကို နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃း၀၀ အချိန်တွင် အာဏာပိုင်များမှ မီးလောင်ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်ဖြိုခွင်းခဲ့ပါသည်။
မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် သပိတ်စခန်းအတွင်းရှိ သံဃာတော်များနှင့်ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ သပိတ်စခန်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆန်းလှိုင် ရောက်ရှိနေပြီး အာဏာပိုင်များနှင့် စေ့စပ်ညှိနှိုင်းနေကြောင်း သိရှိရပါသည်။



ဒေါင်းမာန်ဟုန် မှ