Pages

Tuesday, November 13, 2012

မယ်မြန်မာပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာများ ဖိတ်ခေါ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၃

၂၀၁၃ နိုင်ငံတကာမယ်ပြိုင်ပွဲ (Miss International 2013) သို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် Miss Myanmar International 2013 ပြိုင်ပွဲကို ဖေဖော်ဝါရီလတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် လျှောက်လွှာများခေါ်ယူနေကြောင်း သတင်းရရှိသည်။

ပြိုင်ပွဲဝင်များသည် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အရပ် ၅ ပေ ၅ လက်မနှင့်အထက် ရှိရမည်ဖြစ်ပြီး အင်္ဂလိပ်စကားပြောဆိုနိုင်သူ ဖြစ်ရမည်။ လျှောက်လွှာများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပေးပို့လျှောက်ထားရမည် ဖြစ်သည်။

လျှောက်လွှာများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံး၊ Myanmar Tourism Services ရုံးတို့တွင် လူကိုယ်တိုင်သော်လည်းကောင်း၊ Miss Myanmar International Facebook Page တွင် Download လုပ်၍လည်းကောင်း ရယူနိုင်ပြီး လျှောက်လွှာတစ်စောင်လျှင် ကျပ် ၅၀၀၀ ပေးသွင်းရမည်ဖြစ်သည်။