Pages

Thursday, November 29, 2012

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ရောက်ရှိ




မုံရွာမြို့၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသို့ သွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ နေ့လယ် ၁ နာရီတွင် မုံရွာမြို့သို့ ရောက်ရှိနေသွားပြီ ဖြစ်ကြောင်း မုံရွာမြို့သို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
မုံရွာမြို့မှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကားတန်း... ပြည်သူ သောင်းနဲ့ချီ လမ်းပြည့်ကြပ်အောင် ကြိုဆိုကြ


 
ဒဏ်ရာရရှိသွားသော သံဃာတော်များနှင့် ရွာသူရွာသားများကို မုံရွာပြည်သူ့ဆေးရုံ၌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု..

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ အာရုဏ်တက်ချိန်တွင် လက်ပန်းတောင်းတောင် သပိတ်စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသွားသော သံဃာတော်များနှင့် ရွာသူရွာသားများ ကို တွေ့ဆုံရန် မုံရွာပြည်သူ့ဆေးရုံသို့ သွားရောက်လျက်ရှိကြောင်း မုံရွာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာပြည်သူ့ဆေးရုံသို့ သွားရောက်ပြီးမှသာ ဟောပြောပွဲပြုလုပ်မည့် ကံတက်ကုန်းကျေးရွာသို့ သွားရောက်မည်ဖြစ်သည်။