Pages

Sunday, November 11, 2012

မိတ္ထီလာမြို့၌ စက္က္ကန့်အနည်းငယ်ကြာငလျင်လှုပ်ခတ်သွားခဲ့

မိတ္ထီလာမြို့ ၌ ငလျင်လှုပ်ခတ်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရှိရ

နိုဝင်ဘာ ၁၁ ရက်မနက် ၇ နာရီ ၄၅ မိနစ်က မိတ္ထီလာမြို့၌ စက္က္ကန့်အနည်းငယ်ကြာငလျင်လှုပ်ခတ်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှု့မရှိခဲ့ကြောင်း မိင်္တ္ထီလာခရိုင် မိးသတ်ဦးစီးဌာနမှ သိရှိရသည်။

''ကျွန်တော်တို့ မိတ္ထီလာ၊မလှိုင်၊ဝမ်းတွင်း၊ သာစည်၊လေးမြို့နယ်လုံးမှာ ငလျင်လှုပ်သွားတယ်၊သိသာရုံပဲ ရှိပါတယ်၊ခုချိန်ထိတော့ ထိခိုက်သေဆုံးမှု့မရှိပါဘူး။မြို့နယ်စခန်းအားလုံးကို မေးပြီးပါပြီ၊ ''ဟုမိတ္ထီလာခရိုင်မိးသတ်ဦးစိးမှုး ဦးကျော်ဆန်းက အဆိုပါနေ့ မနက် ၉ နာရီတွင်ပြောပြသည်။

''မနက်က ငလျင်လှုပ်တာသိလိုက်တယ်။အိမ်က မှန်တွေ မိးချောင်းတွေ ရမ်းနေတော့ မှ ငလျင်လှုပ်မှန်းသိတယ်၊အစက အိပ်ရာထ ခေါင်းမှုးနေလို့ လှုပ်နေတယ် မှတ်တာ၊ဆယ်စက္က္ကန့်လောက်ကြာမယ်ထင်တယ်၊ ''ဟု မိတ္ထီလာ မြို့ခံမသီသီအောင်က ပြောပြသည်။

မိတ္ထီလာမြို့မှ မိုင်လေးဆယ်ခန့် ကွာဝေးသော ရမည်းသင်းမြို့နှင့် မိုင် နှစ်ဆယ်ခန့် ကွာဝေးသော ပျော်ဘွယ်မြို့တို့တွင် လည်းငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။

''ပျော်ဘွယ်မှာလည်းမနက်က ငလျင်လှုပ်သွားတယ်၊လူတော်တော်များများ ငလျင်လှုပ်မှန်း သိကြတယ်၊ ခုချိန်ထိတော့ လူထိခိုက်သံ မကြားဘူး၊ရမည်းသင်းကတော့ ကျွန်တော်တို့ လောက်မပြင်းဘူး ပြောတယ်၊'' ဟု ပျော်ဘွယ်မြို့ခံတစ်ဦးက ပြောပြသည်။
Infinity Power(Facebook)