Pages

Wednesday, November 28, 2012

ယနေ့ (နိုဝင်ဘာလ ၂၈ရက်နေ့) လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြင်ကွင်းများ


















သပိတ်စခန်းများရှိ သံဃာများကို ယခုအခါ မှန်လုံကားနှစ်စီးဖြင့် လာရောက် ပင့်ဆောင်နေကြောင်း သတင်းရရှိပါသည်။

မှန်လုံကားများမှာ ရဲဝင်းအောင် ကားအသင်းမှ ကားများဖြစ်ပြီး အချို့ သံဃာတော်များမှာ တက်ရောက်နေရာယူလျက်ရှိကြပြီး အချို့မှာလည်း ကားပေါ်သို့ မတက်ကြသေးဘဲ ဆွေးနွေးတိုင်ပင်လျက်ရှိကြသည်။


မုံရွာခရိုင်ရဲမှူးက ဘုန်းတော်ကြီးများ အေးအေးဆေးဆေး ကားပေါ်ကြွကြပါဟု လျှောက်ထားရာ "ကိုယ်တော်တို့ မရှိရင် ခင်ဗျားတို့က ပြည်သူတွေကိုပစ်သတ်မှာ၊ ဒီမှာ အေးအေးဆေးဆေး ထိုင်နေမယ်၊ မရွှေ့ပေးနိုင်ဘူး" ဟု ပြန်လည်မိန့်ကြားခဲ့သည်။
ဝမ်ပေါင်ကုမ္ပဏီ ၀င်းအတွင်း မုံရွာရဲတပ်ဖွဲ့ဝင်များသည် "ဆုတ်..တက်" "ဆုတ်....တက်" ဟု သံပြိုင်ရွက်ဆိုပြီး နံပါတ်တုတ်များဖြင့် ဒိုင်းများကို ရိုက်ကာ စစ်ရေးပြနေလျက်ရှိသည်။

လက်ပံတောင်းကယ်ဆယ်ရေးကော်မတီမှ ကြေငြာချက်ထုတ်ပြန်ရာတွင် အခု ဆန္ဒပြနေခြင်းသည် ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြစ်သောကြောင့် အကြမ်းဖက် နည်းဖြင့် နှိမ်နင်းဖြိုခွဲပါက လက်ရှိအစိုးရ၏ တာဝန်သာဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်သည်။

(28-11-2012)နေ့ နေလည်(၂)ခွဲအချိန်ခန့်အထိ အာဏာပိုင်များဘက်မှ လည်း အကြမ်းဖက်နှိမ်နင်းမှုများပြုလုပ်မှုတစ်စုံတစ်ရာမတွေ့ရသေးဘဲ သပိတ်ာဖတ်ာအရှင်သူမြတ်များကလည်း အေးချမ်းစွာဖြင့် ထိုင်သပိတ်ပြုလုပ်
နေကြပါသည်။
ရဲတပ်ဖွဲ့များကတော့ ဒုတ်ဒိုင်များဖြင့် ၀မ်ပေါင်ကုမ္ပဏီ ရုံးဝင်းအတွင်းမှ ဟန် ရေးပြ လေ့ကျင့်သံများကတော့ ဗုန်း ..ဒိုင်း...ဗုန်း..ဒိုင်း သံများကအဆက်မ ပြတ်အောင် ကြားနေရပါသည် ခင်ဗျာ....။
မဟာဇောတိကာယာမကျောင်းတိုက်မှ ဆရာတော် အပါး(၄၀)ခန့် ကားကြီးတစ်စီးဖြင့် ၀မ်ပေါင်ရုံးရှေ့ရှိသပိတ်စခန်တွင်ထပ်မံ ကြွရောက်လာကြပြန်ပါပြီ
သတင်းဓာတ်ပုံ-သလ္လာဝတီတိုင်မ်း နှင့် Eleven Media Group