Pages

Monday, November 5, 2012

ဘယ်သူတွေအမြတ်ထွက်သွားလဲ


  ပြသနာကို အချွန်နဲ့ မ, တာဘယ်သူလဲ ရခိုင်၊ ကုလား အဓိကရုန်းဖြစ်အောင် ပြည်သူ့ နံရွက်ကို တံတွေးစွပ် အမြတ်ရှာနေတာ ဘယ်ပါတီတွေလဲ
ဘယ်သူတွေအမြတ်ထွက်သွားလဲပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုပြီး ကိစ္စတစ်ခုကို တာဝန်ယူဆောင်ရွက်ရတဲ့အခြေအနေမှာ သူရဲ့ ရပ်တည်မှုအနေအထားက အဖွဲ့အစည်းကို အနည်းနဲ့အများ ရိုက်ခတ်မှုရှိပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး တချို့နေရာတွေမှာ အားမလိုအားမရရှိပေမယ့် သူ ဟာဖြောင့်မတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ၀ံသာနုကရှုမြင်ထားပါတယ်။

ဒါပေမယ့်ယခင်စစ်အစိုးရအုပ်စုဝင်တချို့ကိုကျောထောက်နောက်ခံပြုနေရတဲ့ အနေအထားမှာ အဲဒီလူတွေက အရင်လုပ်နေကျ အကွက်တွေသုံးလာတော့ သမ္မတပါနာမည်ပျက်ရပါတယ်။

ကုလား-ရခိုင်အရေးအခင်းကို ဘယ်သူတွေစမီးမွှေးခဲ့သလဲဆိုတဲ့အဖြေနဲ့ပတ်သက်ပြီး တွေးစရာတစ်ခုပေးချင်ပါတယ်။

...ဒေါ်စုနိုင်ငံခြားထွက်ခါနီးဆဲဆဲ တောင်ကုတ်မှာ လူသတ်မှုကြီးထဖြစ်ပါတယ် ခုချိန်ထိ တိတိကျကျအရေးယူနိုင်ခြင်း ဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ ဘာကြောင့်ပါလဲ နောက်ပြီး တောင်ကုတ်ပြဿနာဖြစ်ပြီးတာနဲ့ ချက်ချင်း စစ်တွေရဲစခန်းဆန္ဒပြမှုမှာ လူအုပ်ထဲသေနတ်နဲ့ပစ်ပါတယ်။

အထက်အမိန့်မရပဲရဲတွေသေနတ်ပစ်ရဲပါ့အလား နိုင်ငံရေးအပြောင်းအလဲမှာ ကုလားခေါင်းဆောင်တွေ အခွင့်အရေးယူဖို့ချောင်းနေတာ အစိုးရမသိပဲမနေပါဘူး သိလျက်နဲ့ ပွဲဆူအောင်လုပ်တာပါ။ အရင်ကလည်း ရခိုင်မှာ မုဒိန်းမှု၊လူသတ်မှုတွေကို ကုလားတွေအများကြီး ကျူးလွန်ဖူးပါတယ်။ခုမှ ဘာလို့ထဖြစ်ရတာလဲ လောလောဆယ်တော့ အမျိုးသားရေးနဲ့ ကိုင်ပေါက်လိုက်တဲ့အခါ လူ့အခွင့်အရေးအုပ်စုဖြစ်တဲ့ NLD ကို နေရာတချို့မှာ အသာစီးရသွားပါတယ်။

ဒါပေမယ့် အမျိုးသားရေးနဲ့ပတ်သက်လာရင် ရခိုင်မှာ RNDP နဲ့ ALD ကို ယှဉ်ဖို့မလွယ်ပါဘူး။ နောက်ပြီး စဉ်းစားစရာရှိတာက ကြံ့ခိုင်ရေးကလွဲရင် ဘယ်ပါတီမှာမှ ကုလားအမတ်မရှိပါဘူး။

အဲဒီတော့ လာမယ့်ရွေးကောက်ပွဲအတွက်ရခိုင်မှာကြံ့ခိုင်ရေးကိုမဲပေးမယ့်လူတွေက နိုင်ငံသားမဟုတ်တဲ့ ကုလားတွေပဲ ဖြစ်မှာပါ။ ခုဆိုရင် လာမယ့်သန်းခေါင်စာရင်းမှာကုလားတွေကိုထည့်ကောက်ဖို့စီစဉ်နေတယ်လို့သိရပါတယ် နောက်ဆက်တွဲနိုင်ငံသားဖြစ်ခွင့်ပေးမပေးတော့ မသိရသေးပါဘူး။သူတို့မဲရရေးအတွက် ပေးမယ့်အလားအလာတွေလည်း မြင်နေရပါတယ်။

ကြံ့ခိုင်ရေးထဲက စစ်အုပ်စုအသွင်ပြောင်းတချို့ဟာ သူတို့အာဏာရရေးအတွက် ဘယ်သူ့ကိုမှ စတေးဖို့ဝန်မလေးဘူးဆိုတာ ယခင့်ယခင် သာဓကပေါင်းများစွာရှိနေပါတယ်။ အဲဒီတော့ ဒီပွဲမှာ ဘယ်သူတွေအမြတ်ထွက်သွားသလဲ ကြံ့ခိုင်ရေးနဲ့ ပြည်ပအခြေစိုက် ကုလားအရေးလှုပ်ရှားသူတွေ အမြတ်ထွက်သွားကြပါတယ်။

ရခိုင်တွေကတော့ ကိုယ်မြေ ကိုယ့်ရေပေါ်မှာ အိမ်ခြေယာမဲ့ ဒုက္ခသည်ဘ၀ရောက်သွားရပါတယ်။ ကုလားတွေလည်း ဒုက္ခသည်စခန်းရောက်သွားပါတယ်။ တကယ်တော့ ဒီလူတွေဟာ အဲဒီအဖွဲ့အစည်းနှစ်ခုရဲ့ အကျိုးစီးပွားအတွက် ထိုးကျွေးခံလိုက်ရတဲ့ သားကောင်တွေပါ။ ။

Credit: Won Thar Nu via Ko Tun Wai
 https://www.facebook.com/wontharnu999