Pages

Saturday, November 17, 2012

ဆယ်စုနှစ်တစ်စုနီးပါး မြန်မာ့သွင်းကုန်များ ပိတ်ပင်ထားမှု အမေရိကန်ပယ်ဖျက်

ဝါရှင်တန်၊ နိုဝင်ဘာ - ၁၇

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ သွင်းကုန်များအား ဆယ်စုနှစ်တစ်ခုစာနီးပါးပိတ်ဆို့ထားမှုအား အိုဘားမား၏ သမိုင်းဝင် အလည်အပတ်ခရီး မလာမီ ယမန်နေ့က ပယ်ဖျက် ပေးလိုက်သည်။

အိုဘားမား အစိုးရသည် မြန်မာအပေါ်၌ ခြစားမှုနှင့် အကြမ်းဖက်မှုတို့၏ အဓိကမောင်းနှင်အားအဖြစ်ရှုမြင်ခံရသော ကျောက်မျက်ကဏ္ဍ ပိတ်ပင်မှုမှလွဲ၍ ကျန်ပိတ်ဆို့မှုများ အားလုံးပယ်ဖျက်ပေးသည်။

“ယခုပယ်ဖျက်ပေးမှုသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုများကို ထပ်မံတွန်း အားပေးရန် မြန်မာနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ပေါ်ထွန်းစေရန်” ရည်ရွယ်ကြောင်း အမေရိကန်အစိုးရ ကြေညာချက်တွင်ဖော်ပြထားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဌာနတို့က ပူးတွဲထုတ် ပြန်ထားသောယင်း ကြေညာချက်တွင် မြန်မာအစိုးရနှင့် အတိုက်အခံခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် တို့သည် ၎င်းတို့၏ တိုင်းပြည်ကို ကမ္ဘာ့စီးပွားရေးနှင့် ထပ်မံပေါင်းစပ်နိုင်ရေးအတွက် ယခုခြေလှမ်းကို ကြိုဆိုခဲ့ကြ ကြောင်းဖော်ပြထားသည်။

ယခုကြေညာခဲ့သည့် သွင်းကုန်ပိတ်ဆို့မှု ပယ်ဖျက်ခြင်းတွင် အမေရိကန်ကုမ္ပဏီများအား တွဲဖက်စီးပွားရေးလုပ်ခွင့် ပိတ်ပင်ထားသည့် အမည်မည်းစာရင်းဝင် မြန်မာကုမ္ပဏီခုနစ်ခုကိုလည်း ပယ်ဖျက်ပေးခဲ့သည်။ အမေရိကန် ကွန်ဂရက်တွင် ထိပ်တန်းရီပက် ဘလေကန်ခေါင်းဆောင်ဖြစ်ပြီး အိုဘားမားအား ဝေဖန်လေ့ရှိသူ အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကွန်နယ်ကလည်း အိုဘားမား၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ကို ထောက်ခံကြောင်း8ပြောကြားထားသည်။

-Ref: AFP