Pages

Wednesday, November 28, 2012

မုံရွာမြို့ပေါ်မှာ သံဃာတော်အပါး ၂၀၀ ဟာ မေတ္တာသုတ်ရွတ်ဖတ်ပြီး မြို့တွင်းကိုလှည့်လည်

 
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ သံဃာတော်အပါး ၂၀၀ ဟာ မေတ္တာသုတ်ရွတ်ဖတ်ပြီး မြို့တွင်းကိုလှည့်လည်နေတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
ဒီသံဃာတွေဟာ မုံရွာမြို့ပေါ် ဇောတိကရာမ ဘုန်းကြီးကျောင်းကနေ မနေ့က မုံရွာတဖက်ကမ်း လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းကို သွားရောက်ပူးပေါင်းဖို့ အသွားမှာ အာဏာပိုင်တွေက လှေတွေကို အသုံးပြုခွင့်မရအောင် စီမံခဲ့လို့ ညက လှေဆိပ်မှာ အိပ်စက်ပြီး ဒီမနက် မြို့တွင်းကို လှည့်လည်တာလို့ ဆိုပါတယ်။
မနေ့က ညနေ တားမြစ်ခါစက သံဃာအပါး ၁၀၀ ကျော်ခန့်သာ ရှိရာက ပိတ်ဆို့မှုကြောင့် သံဃာအပါး၁၅၀ လောက် ဖြစ်သွားခဲ့ရာ၊ဒီမနက်မှာတော့သံဃာအပါး၂၀၀ခန့်ထိတိုးပွားလာပြီး
 မေတ္တာသုတ်တွေရွတ်ဖတ်နေကြတာလို့ ဆိုပါတယ်။ မုံရွာမြို့တဖက်ကမ်းက လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့်ဖို့နယ်မြေခံရွာသားတွေ၊ ကျောင်းသားတွေ နဲ့ သံဃာတွေက သပိတ်စခန်း ၄ ခုဖွင့်လှစ်ထားတာ သီတင်း ၁ ပတ်ကြာမြင့်ပြီ ဖြစ်ပါတယ်။
ဒေါင်းမာန်ဟုန်