Pages

Saturday, November 10, 2012

သရေခေတ္တရာ ရှေးဟောင်း ဘုရားတွေ လာရောက်အပ်နှံ

 ပြန်လည်အပ်နှံလာတဲ့ သရေခေတ္တရာ ရှေးဟောင်း ဘုရားဆင်းတုများ

သရေခေတ္တရာမြို့ဟောင်း ပြည်မြို့မှာ မကြာသေးခင်က ဘုရားကုန်းကို ဖြိုချခဲ့တဲ့ဖြစ်ရပ်တခု ဖြစ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ဘုရားကုန်းကို ဖြိုချခဲ့ပြီး ရှေးဟောင်းဘုရားတွေ တူးဖော်ခဲ့ကြတာလို့ ဧရာဝတီ ဘလော့ဂ် မှာ သရေခေတ္တရာ ဘုရားကုန်ကို ဖြိုဖျက်ခြင်း ဆိုတဲ့ အမည်နဲ့ သတင်းတပုဒ် ဖော်ပြခဲ့ပါတယ်။ 

အဲဒီလို ဖော်ပြခဲ့တဲ့ သတင်းနောက်ဆက်တွဲအနေနဲ့ ဒေသခံ တဦးက စာတစောင်ပေးပို့လာပါတယ်။ သတင်းဌာနက ဖော်ပြခဲ့တဲ့အတွက် အဆိုပါ ရှေးဟောင်းဘုရားတူးဖော်သူတွေဟာ ဖမ်းဆီးခံရမှာကို စိုးရိမ်ပြီး ပေးပို့လာတဲ့ စာနဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ 

အောက်မှာ ဤပေးစာကို ဖော်ပြပေးလိုက်ပါတယ်။ 

ရှေးဟောင်းဘုရားကုန်းမှန်းသိလျှက်နှင့် တူးဖော်သူတို့က ရှေးဟောင်း ဘုရားများအား လာရောက် အပ်နှံခြင်း 

၈.၁၁.၂၀၁၂ ၊ကြာသာပတေးနေ့၊ နံနက် ၁၀း၀၀ နာရီတွင် ရှေးဟောင်းဘုရားများအား ယာဉ်အမှတ် ၈ခ/၅၉၂၈ light truck ကားဖြင့် ပြန်လည်ပင့်ဆောင်ကာ ဘုရားကုန်းမြေပေါ် တွင် စုံစမ်းစစ်ဆေးနေသော ဌာနဆိုင်ရာအရာရှိများထံ လာရောက် အပ်နှံပါသည်။ 



သတင်းမီဒီယာများ၏ ဖော်ပြပေးမှုကြောင့် ရှေးဟောင်းဘုရားများအား တူးဖော်သူ များမှ အဖမ်းခံရမည် စိုးရိမ်ပြီး ပြန်လည်လာရောက်အပ်နှံခဲ့ရခြင်းဖြစ်ကြောင်း တူးဖော်ခဲ့သူလုပ် သားတစ်ဦးကပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ခြံအမှတ် (၃၉၁) မှာ ဦးတင်ငွေ ထံမှ ဦးထိုင်ထိုင် အမည်ဖြင့် ဝယ်ယူခဲ့ပြီး၊ ဘုရားကုန်းမြေမှာ အစိုးရ 
မြေ ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ 

သုတေသနပညာရှင်များက ရှေးဟောင်းလက်ရာများ မှာ AD-7 ရာစုထက် နောက်မကျကြောင်း၊ အချို့ လက်ရာများမှာ AD-13 ရာစု ထက်နောက်မကျ ကြောင်း နှစ်ပေါင်း ၁၀၀၀ ကျော် မှ ရှေးဟောင်း ပစ္စည်းများ
ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့ကြသည်။ 




 
ဧရာဝတီ